DVB Logo
Home
နိုင်ငံတကာ
ကရစ်ဘီယံရေပြင်၌ အမေရိကန်စစ်တပ် ချထားမှု ဗင်နီဇွဲလားရှုတ်ချ
DVB
·
August 22, 2025
ကရစ်ဘီယံရေပြင်၌ အမေရိကန်စစ်တပ် ချထားမှု ဗင်နီဇွဲလားရှုတ်ချ
Donate to DVB

ကရစ်ဘီယံရေပြင်မှာ အမေရိကန်စစ်တပ် ချထားမှုဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုအဖြစ် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုက ဩဂုတ် ၂၀ ရက်မှာ ရှုတ်ချခဲ့ပါတယ်။

လက်တင်အမေရိကနဲ့ ကရစ်ဘီယံနိုင်ငံတွေအကြား နိုင်ငံရေးနဲ့ စီးပွားရေးပေါင်းစည်းမှုကို အဓိကထား လုပ်ဆောင်တဲ့ အစိုးရအချင်းချင်း အဖွဲ့အစည်းဖြစ်တဲ့ ALBA-TCP ထိပ်သီးအစည်းအဝေးမှာ မာဒူရိုက အမေရိကန်ဟာ ဗင်နီဇွဲလားကို ဝင်ရောက်စွက်ဖက်မှုအတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေကို အကြောင်းပြချက်အဖြစ် အသုံးချပြီး အကြမ်းဖက်ဝါဒနဲ့လည်း မှားယွင်းချိတ်ဆက်ကြောင်း စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဒေသတွင်း ခေါင်းဆောင်တွေ တက်ရောက်လာကြတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်စစ်တပ် ထားရှိမှုကို ပယ်ချပြီး အချုပ်အခြာအာဏာကို လေးစားဖို့ တောင်းဆိုတဲ့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို လိုက်နာပြီး စစ်ရေးအရ ခြိမ်းခြောက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့လည်း မာဒူရိုက တောင်းဆိုခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ သတင်းရင်းမြစ် ၂ ခုကနေ အမေရိကန်ဟာ တပ်ဖွဲ့ဝင် ၄,၅၀၀ ပါရှိတဲ့ USS ဆန်အန်တိုနီယို၊ USS အီးဝိုဂျီမာနဲ့  USS ဖှော့ထ် လော့ဒါဒေးလ်တို့အပါအဝင် ကုန်းရေ ၂ သွယ် စစ်ဆင်ရေးတပ်ဖွဲ့တခုကို တပ်ဖြန့်ချထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး သြဂုတ် ၂၄ ရက် တနင်္ဂနွေနေ့မှာ ဗင်နီဇွဲလားအနီးကို ရောက်လာနိုင်ကြောင်းလည်း ဆိုပါတယ်။

အဲဒီမစ်ရှင်ဟာ အမေရိကန် အပြောအရ “မူးယစ်အကြမ်းဖက်အဖွဲ့တွေ”ကို ပစ်မှတ်ထားခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးဂိုဏ်းတွေကို တိုက်ဖျက်ပစ်ဖို့နဲ့ တောင်ပိုင်းနယ်စပ်ကို လုံခြုံစေဖို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ ကျယ်ကျယ်ပြန့်ပြန့် တွန်းအားပေးမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013