DVB Logo
Home
မြန်မာသတင်း
ကျောက်မဲ စစ်ဘေးဒုက္ခသည်များ အကူအညီလိုအပ်နေ
DVB
·
August 21, 2025
ကျောက်မဲ စစ်ဘေးဒုက္ခသည်များ အကူအညီလိုအပ်နေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ နောင်ပိန်ရွာအနီးမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေအတွက် အကူအညီ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်တပ်က နောင်ပိန်တိုက်နယ်တခုလုံးကို ထိန်းချုပ်နိုင်ဖို့ မြေပြင်ကနေ စစ်ကြောင်းထိုးနေပြီး ဩဂုတ် ၂၀ ရက်က နောင်ပိန်ကျေးရွာအုပ်စု ပင်တီရွာ ဘုန်းကြီးကျောင်းကို လေကြောင်းနဲ ပေါင် ၅၀၀ ဗုံးကြဲချခဲ့တာကြောင့် ဒေသခံ ၁၀ ယောက်ထက်မနည်း သေဆုံးကာ ၁၂ ယောက်လောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အရပ်ဘက်အဖွဲ့စည်းတွေက ထိခိုက်ဒဏ်ရာရသူတွေနဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ပို့ဆောင်ပေးနေတာ ရှိသလို ကိုယ်ပိုင်အစီစဉ်နဲ့ တိမ်းရှောင်နေသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ရုတ်တရက် ထွက်ပြေးတိမ်းရှောင်လာရတဲ့ ဒုက္ခသည်တွေအတွက် အကူညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတယောက်က DVB ကို ပြောပါတယ်။

“အဓိကတော့ အစားအသောက်ပိုင်းဆိုင်ရာပေါ့။ တဖက်နဲ့တဖက် တင်းမာမှု ရုတ်တရက်ကြီး ထဖြစ်လာတဲ့အချိန်မှာ ပြည်သူဆိုတာ သွားစရာ လာစရာ အများစုက မရှိကြဘူး။ ရုတ်တရက် ပြန်ပြေးရတဲ့အချိန်မှာ စားဖို့သောက်ဖို့လေးတွေ မသယ်လိုက်ရကြဘူး။ အဝတ်အစားတောင် တချို့မပါတဲ့သူတောင် ရှိတယ်။”

ကျောက်မဲမြို့နဲ့ လာရှို့မြို့တွေအပြင် တိုက်ပွဲနဲ့ဝေးတဲ့ ရွာတွေဘက်မှာလည်း ဒေသခံတွေဟာ နီးစပ်ရာတွေမှာ တိမ်းရှောင်နေကြပြီး နောင်ပိန်တိုက်နယ်အတွင်းက ဒေသခံ ၈၀ ရာခိုင်နှုန်း တိမ်းရှောင်သွားကြပေမဲ့ တချို့ ငွေကြေးမတတ်နိုင်သူတွေနဲ့ အသက်ကြီးပိုင်းတွေတော့ ရွာတွေထဲမှာ ဆက်ပြီးကျန်ရှိနေပါတယ်။

ဩဂုတ် ၂၁ ရက် ဒီနေ့အထိလည်း နောင်ပိန်ရွာနားမှာ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လေကြောင်းကနေ ဒရုန်းနဲ့ ဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ရွာထဲက နေအိမ် အများအပြား မီးလောင်ပျက်စီးနေပါတယ်။

တိုက်ပွဲနဲ့ ဒေသခံတွေရဲ့ အခြေနေကို TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို DVB က ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်တာ မရှိသေးပါဘူး။

စစ်တပ်က နောင်ချိုမြို့ကို သိမ်းယူလိုက်ပြီးနောက် ကျောက်မဲမြို့ကိုပါ ပြန်လည်သိမ်းယူနိုင်ဖို့ ဩဂုတ် ၁၉ ရက်ကစပြီး နောင်ပိန်ရွာအနီးက ထန်းတပင်ရွာမှာ စစ်တပ် ခြေကုပ်ယူကာ နောင်ပိန်ဘက်ကို ဆက်ပြီး ထိုးစစ်ဆင်နေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013