
ထိုင်ဝမ်ကျွန်း၊ ထိုင်ပေမြို့တော်မှာ အလိုအလျောက်လူလို နားလည်သိမြင်နိုင်တဲ့ ဉာဏ်ရည်နဲ့ စက်ရုပ်ပြပွဲ ၂၀၂၅ ကို သြဂုတ် ၂၀ ရက်က စတင်ကျင်းပပါတယ်။
လူတူစက်ရုပ်တွေက လမ်းလျှောက်တာ၊ လက်ဟန်ပြတာနဲ့ အရာဝတ္ထုတွေကို ကောက်ယူတာတွေ သရုပ်ပြခဲ့လို့ စူးစမ်းချင်စိတ်ရှိတဲ့ လူအုပ်ကို ဆွဲဆောင်ခဲ့ပါတယ်။
ဉာဏ်ရည်တု ချစ်ပ်ကုမ္ပဏီကြီး NVIDIA ရဲ့ အမှတ်တံဆိပ်အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပိုမြင့်မားတဲ့ အခွန်အခတွေ ကြေညာမှာနဲ့ပတ်သက်ပြီး စိုးရိမ်နေတဲ့ကြားက ပြပွဲအများအပြားမှာ ထင်ထင်ရှားရှား ပြသခဲ့တာပါ။
ငွေကြေးမသေချာပေမယ့် ယုံကြည်စိတ်ချရပြီး သာလွန်ကောင်းမွန်တဲ့ စက်ရုပ်နည်းပညာအတွက် သုံးစွဲသူတွေက ပေးချေဆဲဖြစ်တယ်လို့ Techman Robot တက်ခ်မဲန်း ရိုဘော့ထ် နိုင်ငံတကာ ကော်ပိုရေးရှင်းရဲ့ စီမံခန့်ခွဲရေး အရာရှိချုပ် စကော့ထ် ဟွမ်က ယုံကြည်နေပါတယ်။
ပြပွဲမှာ ကုမ္ပဏီဟာ ထိုင်ဝမ်မှာ အပြည့်အဝ ထုတ်လုပ်ထားတဲ့ သူ့ရဲ့ ပထမဆုံး လူသားဆန်တဲ့ စက်ရုပ်ကို ပြသခဲ့ပါတယ်။ ကုန်စည်ပြပွဲကို သြဂုတ် ၂၃ ရက်အထိ ၄ ရက်ကြာ ကျင်းပမှာဖြစ်ပြီး ကမ္ဘာတဝန်းက ပြပွဲပြသသူတွေ ပါဝင်ဆင်နွှဲခဲ့ပါတယ်။
Source: Reuters










