
ဘုန်းမောက်နဲ့ တဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ အာမတ်ဒီယာလို ပင်နယ်တီ ဧရိယာအတွင်း ဖျက်ထုတ်ခံခဲ့ရပေမဲ့ ဒိုင်လူကြီးက ပင်နယ်တီ မပေးခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒိုင်လူကြီးအဖွဲ့ချုပ် (PGMOL) ထံ တရားဝင်တိုင်ကြားဖို့ ပြင်ဆင်နေပါတယ်။
ယာယီနည်းပြ မိုက်ကယ်ကားရစ်ကလည်း ဟယ်ရီမက်ဂွိုင်းယား အထုတ်ခံရတဲ့ ဖြစ်ရပ်နဲ့ အာမတ်ဒီယာလို ပင်နယ်တီမရခဲ့တဲ့ ဖြစ်ရပ်ဟာ အတူတူပဲဖြစ်လို့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ ဝေဖန်ခဲ့တာပါ။
မန်ယူအသင်းတာဝန်ရှိသူတွေဟာ အခုလို VAR အမှားတွေကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ အမှတ်တွေ ဆုံးရှုံးနေရတယ်လို့ ယူဆနေကြပြီး ဒိုင်လူကြီးချုပ် ဟောင်းဝပ်ဝက်ဘ်နဲ့ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။











