DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်က စက်သုံးဆီကဏ္ဍကို ဒေါ်လာ ၃၂ သန်း ထပ်မံရောင်းပေးမည်
DVB
·
August 20, 2025
ဗဟိုဘဏ်က စက်သုံးဆီကဏ္ဍကို ဒေါ်လာ ၃၂ သန်း ထပ်မံရောင်းပေးမည်
Donate to DVB

စစ်ကောင်စီဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ထုတ်ရောင်းပေးမယ်လို့ သြဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အခုလအတွင်း စက်သုံးဆီကဏ္ဍကို တတိယအကြိမ် ထုတ်ရောင်းပေးတာဖြစ်ပြီး  ဒီတကြိမ်နဲ့ဆိုရင် အမေရိကန်ဒေါ်လာ ၉၄ သန်းအထိ ရှိလာပါတယ်။

ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ တလလုံးမှာလည်း စက်သုံးဆီကဏ္ဍကို အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ထုတ်ရောင်းပေးခဲ့ပါတယ်။

ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ဖို့အတွက် သွင်းကုန်လုပ်ငန်းရှင်တွေရဲ့ ဒေါ်လာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ Online Trading Platform ကို အသုံးပြုပြီး ဒေါ်လာ ထုတ်ရောင်းမှုတွေကို ပြုလုပ်နေတာပါ။

ဗဟိုဘဏ်ရဲ့ Online Trading စနစ်မှာ ဩဂုတ် ၁၉ ရက်က အရောင်းအဝယ် ပြုလုပ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းက ကျပ် ၃,၆၂၄ ရှိခဲ့ပြီး လက်ရှိ ဈေးကွက်မှာတော့ ၁ ဒေါ်လာကို ၄၄၃၅ ကျပ်အထိ တက်ရိပ်ပြနေပါတယ်။

ဒါပေမဲ့ စက်သုံးဆီဈေးတွေကတော့ ပြန်လျော့ကျလာပြီး အရင်သီတင်းပတ်ထက် ၄၀ ကျပ်ကနေ ၁၂၀ ကျပ်အထိ ပြန်ကျဆင်းလာတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013