DVB Logo
Home
မြန်မာသတင်း
စစ်တပ်နှင့် PNO က မီးရှို့သဖြင့် ဆီဆိုင်က နေအိမ် ၁၀၀ ကျော် မီးလောင်
DVB
·
August 20, 2025
စစ်တပ်နှင့် PNO က မီးရှို့သဖြင့် ဆီဆိုင်က နေအိမ် ၁၀၀ ကျော် မီးလောင်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ကျေးရွာတွေက နေအိမ်တွေကို စစ်တပ်နဲ့ PNO ပြည်သူ့စစ်တွေက မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ ၁၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က သြဂုတ် ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ 

သြဂုတ် ၁၈ ရက်နေ့မှာ နောင်ထောဝ်ရွာသစ်နဲ့ တပူးထိုကျေးရွာတွေကို PNO ပြည်သူ့စစ်တွေက နေအိမ်မီးရှို့တဲ့ Video ကို မှတ်တမ်းရယူခဲ့တာလို့ သိရပါတယ်။

PNLO ပြန်ကြားရေးတာဝန်ရှိသူက “သူတို့(PNO) နေ့စဥ်နေ့တိုင်း အိမ်တွေကို မီးရှို့သွားတယ်။ တပူးထိုးကျေးရွာက အရင်ကလည်း သုံး၊ လေးကြိမ်မက သူတို့ ရှို့သွားပြီးပြီ၊ လက်ရှိမှာလည်း သူတို့ရှို့နေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ တပူးထိုတွေ၊ နောင်ဗို၊ နောင်ထောဝ် ကျေးရွာတွေကို မီးရှို့သွားတာက စာရင်းအတိအကျမရသေးဘူး ဆိုရင်တောင် နေအိမ်ကတော့ ၁၀၀ ကို တော်တော်ကျော်လာပြီလို့ ပြောလို့ရတယ်”လို့ ပြောပါတယ်။

PNO ပြည်သူ့စစ်တွေက ကျေးရွာဒေသခံတွေကို မောင်းထုတ်ပြီး နေအိမ်ထဲက တန်ဖိုးကြီး ပစ္စည်းတွေကို ကားနဲ့ အခေါက်ခေါက်အခါခါ သယ်ပြီးတဲ့နောက် အိမ်တွေကို မီးရှို့နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက သြဂုတ် ၆ ရက်မှာ ဆီဆိုင်မြို့နယ်က နောင်ထောဝ်ကယန်းပိုင်း၊ တပူးထိုး၊ ကောင်ထိုကျေးရွာတွေထဲကို စစ်ကြောင်းထိုးဝင်ရောက်လို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး အင်အားမမျှတာကြောင့် PNLO က လက်လွှတ်ရချိန် နေအိမ်တွေကို PNO တွေက မီးရှို့နေတာပဲ ဖြစ်ပါတယ်။

စစ်တပ်က ရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက် လက်လွှတ်ထားရတဲ့ နေရာဒေသတွေကို လက်နက်ကြီး၊ ဒရုန်း၊ လူအင်အား၊ လေကြောင်းတွေ အသုံးပြုပြီး ထိုးစစ်ဆင်ပြီးတဲ့နောက် နယ်မြေပြန်လည်စိုးမိုးတာတွေ လုပ်နေတာပဲ ဖြစ်ပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံတွေကို မောင်းထုတ်တာကြောင့် ပြည်သူ ၂၀၀၀ ကျော် တောတောင်ထဲ စစ်ရှောင်နေရသလို စားဝတ်နေရေးအတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013