DVB Logo
Home
နိုင်ငံတကာ
ဖူးကက်တွင် လေ့ကျင့်ရေးလေယာဉ်ငယ် ၁ စီး ပျက်ကျ၊ သင်တန်းဆရာသေဆုံး 
DVB
·
August 19, 2025
ဖူးကက်တွင် လေ့ကျင့်ရေးလေယာဉ်ငယ် ၁ စီး ပျက်ကျ၊ သင်တန်းဆရာသေဆုံး 
Donate to DVB

ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင် ထလန်မြို့မှာ ဩဂုတ် ၁၇ မွန်းလွဲပိုင်းက လေ့ကျင့်ရေး လေယာဉ်ငယ်တစီး ပျက်ကျပြီး သင်တန်းဆရာ  ပြင်းထန်တဲ့ဒဏ်ရာနဲ့ သေဆုံးသွားပြီလို့ ထိုင်းသ တင်းတွေမှာ ဖော်ပြပါတယ်။ 

အဆိုပါလေယာဉ်မှာ U-M22 အမျိုးအစားလေယာဉ်အမောင်းသင် လေ့ကျင့်ရေးလေယာဉ်ဖြစ်ပြီး မွန်းလွဲ ၂ နာရီကျော်လောက်  ဖူးကက်လေယာဉ်ကွင်းမှ ထွက်ခွာပျံသန်းတယ်၊ ညနေ ၄ နာရီ လောက်မှာတော့ လေယာဉ်ပျက်ကျကြောင်း သတင်းရရှိတယ်လို့   လေကြောင်းတာဝန်ရှိသူတယောက်က သတင်းထောက်ကို ပြောပါတယ်။ 

လေယာဉ်ဟာ ထလန်မြို့  ပါခလောက်ရပ်ကွက်က ကားလမ်းမပေါ် ပျက်ကျတာဖြစ်တယ်၊ ဒီမတိုင်ခင် ပေါက်ကွဲသံ ၂ ချက်ကြားရပြီး များမကြာမီ လေယာဉ်က လမ်းပေါ်ပျက်ကျလာတယ်၊ မြေပေါ်မကျခင် အုန်းပင်နဲ့တိုက်မိပြီး အောက်မှာ မီးကြိုးတွေနဲ့ ထပ်ပြီးချိတ်မိတယ်လို့  မျက်မြင်ဒေသခံတွေက ပြောပါတယ်။ 

အဆိုပါလေယာဉ်ပေါ်မှာ လေယာဉ်မောင်းသင်တန်းဆရာဖြစ်သူ နိုင်းဆူရဆဒ် ချန (၄၀ နှစ်) နဲ့ သင်တန်းသား ရုရှားနိုင်ငံသား  မစ္စတာ Sergei Razukov  (၃၆ နှစ်) တို့  မောင်းနှင်လာကြတယ်။ လေယာဉ်ပျက်ကျမှုကြောင့် နိုင်းဆူရဆဒ်မှာ ခြေတောက်ကျိုးပြီး ဦးခေါင်းမှာ ဒဏ်ရာရတယ်၊ သင်တန်းသား ရုရှားအမျိုးသားကတော့ မျက်နှာမှာ မပြင်းထန်တဲ့ ဒဏ်ရာရတယ်။  သင်တန်းဆရာ နိုင်းဆူရဆဒ်မှာ ဆေးရုံရောက်ပြီး နောက်တနေ့ (ဩဂုတ် ၁၈ ရက်) မနက်မှာ သေဆုံးသွားတယ်လို့  ဆိုပါတယ်။ 

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းအသေးစိတ်ကိုတော့ သက်ဆိုင်ရာက ဆက်လက်စုံစမ်းစစ် ဆေးနေဆဲပဲလို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

Source : Thairath  / Khaosod News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013