DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီစနစ် မှန်ကန်ပါက စစ်တပ်က ပူးပေါင်းသွားမည်ဟု စစ်ခေါင်းဆောင်ပြော
DVB
·
August 19, 2025
ဒီမိုကရေစီစနစ် မှန်ကန်ပါက စစ်တပ်က ပူးပေါင်းသွားမည်ဟု စစ်ခေါင်းဆောင်ပြော
Donate to DVB

ဒီမိုကရေစီစနစ် မှန်ကန်ရင် စစ်တပ်က ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒီမိုကရေစီနည်းကျ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ NLD အစိုးရထံကနေ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်က  ပြောပါတယ်။

မကွေး-နတ်မောက် ကားလမ်းမပေါ်မှာရှိတဲ့ တပ်မ ၈၈ ဌာနချုပ်မှာ သြဂုတ် ၁၈ ရက် နေ့လယ်က လပခတိုင်းစစ်ဌာနချုပ်နဲ့ တပ်မ ၈၈ က အရာရှိ၊ စစ်သည်တွေနဲ့ တွေ့ဆုံစဥ် စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

“စစ်တပ်အနေနဲ့ မဲလိမ်မဲခိုးမှုကြောင့် အာဏာထိန်းရတာဖြစ်ပြီး လက်ရှိမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခွင့်ပြုထားသလို ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကိုလည်း ကြေညာပြီးသား ဖြစ်တဲ့အတွက် ဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန်နဲ့ လုပ်ဆောင်ပါက ပူးပေါင်းဆောင်ရွက်သွားမယ်။”

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ၆၃ မြို့နယ်ထဲမှာ မန္တလေးတိုင်းက မိုးကုတ်၊ စဥ့်ကူး၊ ငါန်းဇွန်မြို့နယ်ပါပြီး မကွေးတိုင်းမှာ ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြိုမြို့နယ်တို့ ပါဝင်ပြီး အရှိန်မြှင့်ပြီး စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးလုပ်ဖို့ ညွှန်ကြားတာလို့ စစ်ရေးသတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“လပခတိုင်းထဲက မကွေးတောင်ပိုင်းက မြို့နယ်တွေပါတယ်။ နမခတိုင်းထဲမှာ မကွေးမြောက်ပိုင်းက မြို့နယ်တွေ ပါတယ်။ အဲဒီတော့ စစ်တပ်က မိုးကုတ်၊ စဥ့်ကူး၊ ငါန်းဇွန်အပြင် မကွေး၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်မြို့တွေကိုလည်း စစ်ကြောင်းထိုးဖို့ ဖိအားလာပေးတာ။”

လတ်တလောမှာ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်ကျရင် မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ အပိုင်းလိုက် ကျင်းပသွားမယ်လို့  ကြေညာထားပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပါတီ ၄၉ ပါတီက ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပြီး အဲဒီထဲက ၉ ပါတီက တနိုင်ငံလုံး ဝင်ပြိုင်မှာဖြစ်သလို ကျန်တဲ့ပါတီ ၄၀ က ပြည်နယ်၊ တိုင်းတွေမှာပဲ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013