DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်၊ ဇလန်းစကီးနှင့် ဥရောပခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကျင်းပ
DVB
·
August 19, 2025
ထရမ့်ပ်၊ ဇလန်းစကီးနှင့် ဥရောပခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကျင်းပ
Donate to DVB

ယူကရိန်း-ရုရှား စစ်ပွဲအရေးနဲ့ပတ်သက်ပြီး ဇလန်းစကီး အပါအဝင် ဥရောပခေါင်းဆောင်တွေနဲ့ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆွေးနွေးမှုမှာ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက် ရရှိရေးနဲ့ ထရမ့်ပ်၊ ဇလန်းစကီး၊ ပူတင် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်ပေါ်လာရေး အလားအလာတွေကို အဓိက ညှိနှိုင်းခဲ့ကြပါတယ်။

ဇလန်းစကီးနဲ့အတူ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ ဖင်လန် ခေါင်းဆောင်တွေ၊ ဥရောပကော်မရှင်ဥက္ကဋ္ဌနဲ့ နေတိုးအတွင်းရေးမှူးချုပ်တို့ပါ အိမ်ဖြူတော်ကို လာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ထရမ့်ပ်နဲ့ ဇလန်းစကီး အရင်ဆုံးတွေ့ဆုံဆွေးနွေးပြီးတော့မှ ဥရောပခေါင်းဆောင်တွေနဲ့ အတူ ထပ်မံတွေ့ဆုံတာ ဖြစ်ပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့ မြန်မာစံတော်ချိန်အရ ၁၉ ရက်နေ့ ကူးစအချိန်မှာ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီတကြိမ်မှာလည်း ဇလန်းစကီးဟာ တကိုယ်လုံးအနက်ရောင်ပဲ ဝတ်ဆင်ထားပေမဲ့ အနောက်တိုင်းဝတ်စုံ ပြည့်ဝတ်ဆင်ထားခဲ့ပြီး ထရမ့်ပ်နဲ့  ၂ ဦးတည်းတွေ့ဆုံမှုမှာ အဆင်ပြေခဲ့ပါတယ်။

ထရမ့်ပ်က ယူကရိန်းရဲ့ နေတိုးဝင်ခွင့်ကို စွန့်လွှတ်ရမယ်လို့အစောပိုင်း ပြောထားတာကြောင့် ဘယ်လို ပုံစံလုံခြုံရေးအာမခံချက်ပေးမယ်ဆိုတာတော့ အသေးစိတ်မသိရသေးပါဘူး။

မတွေ့ဆုံမီမှာ ထရမ့်ပို့စ်တင်ခဲ့တဲ့ ကိစ္စဖြစ်တဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ပေးပြီး နေတိုးထဲ မဝင်ရင်ချက်ချင်း အပစ်ရပ်လို့ရပြီဆိုတဲ့ စကားကို ဆွေးနွေးပွဲမှာ ထပ်ပြောတာမတွေ့ခဲ့ရပါဘူး။ 

အဲဒီအစား ထရမ့်ပ်ဟာ အပစ်အခတ်ရပ်စဲရေးကို မချဉ်းကပ်တော့ဘဲ ပဋိပက္ခအဆုံးသတ်ရေး ညှိနှိုင်းဖို့ အတွက် အရင်အပစ်ရပ်စရာမလိုဘူးလို့ ပြောပါတယ်။ 

ဒါပေမဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းနဲ့  ဂျာမနီအဓိပတိ ဖရိုင်းဒရစ်မက်ဇ်တို့ ကပြောပါတယ်။  

လုံခြုံရေးအာမခံချက်အပါအဝင် ထိလွယ်ရှလွယ်ကိစ္စတွေကို ထရမ့်ပ်နဲ့ ကောင်းကောင်း ဆွေးနွေးနိုင်ခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။

ထရမ့်ပ်ကလည်း ငြိမ်းချမ်းရေးသဘောတူညီချက် တစိတ်တပိုင်းအဖြစ် ယူကရိန်းအတွက် အမေရိကန်က လုံခြုံရေး အာမခံချက်ပေးသွားမယ်လို့ ပြောသလို ရုရှားဘက်က လက်ခံသွားမယ်လို့လည်း ဆိုပါတယ်။

ထရမ့်ပ်က ဆွေးနွေးပွဲတွေပြီးရင် ပူတင်ကို ဖုန်းဆက်ပြီး အသိပေးသွားမယ်လို့ပါ ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013