DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များ ကြေညာ
DVB
·
August 16, 2025
ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များ ကြေညာ
Donate to DVB

လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် စစ်ကောင်စီ ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်တွေကို သြဂုတ် ၁၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP)နဲ့ ကျင်းပမယ့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အရေအတွက်မှာ ၃၃၀ နယ်၊ အမျိုးသား လွှတ်တော်အတွက် မဲဆန္ဒနယ်တွေကိုတော့ ရောနှောထားတဲ့ ကိုယ်စားလှယ်အချိုးကျစနစ် (MMP)နဲ့ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ နယ်မှာ မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP)နဲ့ ကျင်းပမယ့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၈၄ နယ်၊ အချိုးကျကိုယ်စားပြုစနစ်နဲ့ (PR)နဲ့ ကျင်းပမယ့် မဲဆန္ဒနယ် ၂၆ နယ်၊ စုစုပေါင်း ၁၁၀ နယ်ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။

အလားတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွေအတွက် မဲဆန္ဒနယ်တွေမှာလည်း ရောနှောထားတဲ့ ကိုယ်စားလှယ်အချိုးကျစနစ် (MMP)နဲ့ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)နဲ့ကျင်းပမယ့် မဲဆန္ဒနယ်က  ၃၂၂ နယ်၊ အချိုးကျကိုယ်စားပြုစနစ်(PR)နဲ့  ကျင်းပမယ့် မဲဆန္ဒနယ် ၄၂ နယ်၊ စုစုပေါင်း ၃၆၄ နယ် ဖြစ်တယ်လို့  သိရပါတယ်။

ဒါအပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်ကိုလည်း ၂၉ နယ်အဖြစ် သတ်မှတ် ကြေညာလိုက်ပါတယ်။

မြန်မာ နိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၃၃၀ ရှိပေမဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၃၂၂ ခုမှာပဲ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နဲ့ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတာပါ။

မဲဆန္ဒနယ် သတ်မှတ်တဲ့အသေးစိတ်ကိုတော့ ဩဂုတ် ၁၇ ရက်နေ့ထုတ် သတင်းစာတွေမှာမှ ထည့်ပြီးကြေညာမှာဖြစ်တဲ့အတွက် ဘယ်မြို့နယ်တွေအတွက် FPTP စနစ်နဲ့ တိုင်းနဲ့ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲမရှိတာလဲဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ 

စစ်တပ်က ပြင်ဆင်ထားတဲ့ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၊ (က) မှာ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် လွှတ်တော်အတွက် မဲဆန္ဒနယ်သတ်မှတ်ရာမှာ FPTP စနစ်နဲ့ ရွေးကောက်တင်မြောက်ဖို့အတွက် မြို့နယ်တစ်ခုကို မဲဆန္ဒနယ်တခု သတ်မှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ စစ်တပ်က လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ဘူးလို့  ထုတ်ပြန်ပြောကြားထားသလို နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ရွေးကောက်ပွဲကြောင့် အကြမ်းဖက်မှုတွေ ပိုဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013