DVB Logo
Home
မြန်မာသတင်း
မန္တလေးထောင်က နိုင်ငံရေးအကျဥ်းသား အများအပြားကို ထောင်ပြောင်းရွှေ့
DVB
·
August 14, 2025
မန္တလေးထောင်က နိုင်ငံရေးအကျဥ်းသား အများအပြားကို ထောင်ပြောင်းရွှေ့
Donate to DVB

မန္တလေးထောင်က နိုင်ငံရေးအကျဥ်းသား အများအပြားကို တခြားထောင်တွေဆီ ရွှေ့ပြောင်းတာတွေ ရှိနေတယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ထောင်အာဏာပိုင်တွေက ဒီရက်ပိုင်းထဲမှာ မန္တလေးထောင်က နိုင်ငံရေးအကျဥ်းသား ၁,၀၀၀ နီးပါးကို မကွေး၊ သရက်၊ သာယာဝတီထောင်တွေဆီ ရွှေ့ပြောင်းထားတာလို့ ဆိုပါတယ်။

သရက်ထောင်ကို နိုင်ငံရေးအကျဥ်းသား ၄၅၀ နီးပါး၊ မကွေးထောင်ကို ၄၀၀ နီးပါးနဲ့ သာယာဝတီထောင်ကို ခန့်မှန်းခြေ ရာဂဏန်းလောက် ရွှေ့ထားတာလို့ သတင်းအရင်းအမြစ် တယောက်က ပြောပါတယ်။

“သရက်ထောင် တခုတည်းကို မန္တလေးကနေ ပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဥ်းသား ၄၅၀ လောက်မှာ အမျိုးသမီး ၅၀ လောက်ပါတယ်။ တခြားထောင်တွေဆီပါ ခွဲပို့တာဆို အားလုံးပေါင်း ၁,၀၀၀ ကျော်လောက်ရှိမယ်။”

သရက်ထောင်မှာ နဂို အကျဥ်းသား ၁,၂၀၀ လောက်ရှိရာမှာ နိုင်ငံရေးအကျဥ်းသားချည်းပဲ ၁,၀၀၀ လောက်ရှိပြီး ရာနဲ့ချီ အကျဥ်းသားတွေ ရွှေ့လာတာကြောင့် အနေကျပ်တဲ့ အခြေအနေတွေ ကြုံလာရတယ်လို့လည်း ဆိုပါတယ်။

ရွှေ့ပြောင်းတဲ့အထဲ ပါလာသူတွေထဲမှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လူငယ်တချို့နဲ့ စစ်တပ်ကက ဖမ်းဆီးထားတဲ့ အာရက္ခတပ်တော် (AA) မှ အရာရှိတချို့ ပါဝင်တယ်လို့ သရက်ထောင်နဲ့ နီးစပ်သူတယောက်က ဆိုပါတယ်။

အခုလို မန္တလေးက နိုင်ငံရေးအကျဥ်းသားတွေကို အလုံးအရင်းနဲ့ ရွှေ့ပြောင်းတာဟာ စစ်ရေးနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းရရှိလို့ ကြိုတင်ရွှေ့ပြောင်းတာ ဖြစ်နိုင်သလို နောက်ထပ် နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးထားရှိဖို့ ပြင်ဆင်တာမျိုး ဖြစ်နိုင်တယ်လို့လည်း အကျဥ်းဦးစီးဌာန သတင်းအရင်းမြစ်တွေက သုံးသပ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013