DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ လုံခြုံရေးအတွက် မှုခင်းကျဆင်းရေး အရှိန်မြှင့်သွားမည်
DVB
·
August 14, 2025
ရွေးကောက်ပွဲ လုံခြုံရေးအတွက် မှုခင်းကျဆင်းရေး အရှိန်မြှင့်သွားမည်
Donate to DVB

မြန်မာနိုင်ငံတဝန်းမှာ နေ့စဥ်ဖြစ်နေတဲ့ လုယက် သတ်ဖြတ်ရာဇဝတ်မှုတွေကို ဖမ်းဆီး အရေးယူ နိုင်ခြင်းမရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ရွေးကောက်ပွဲ လုံခြုံရေးအတွက် မှုခင်းကျဆင်းရေးကို အရှိန်မြှင့်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက် ပါတယ်။

နေပြည်တော် ရဲဌာနချုပ်မှာ သြဂုတ် ၁၃ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောဆိုခဲ့တာပါ။

“ရွေးကောက်ပွဲကျင်းပပြီး တက်လာတဲ့ အစိုးရကို အာဏာလွှဲပေးရေး၊ မဲပေးခွင့်ရှိသူတွေ မဲပေးနိုင်ရေး၊ လုံခြုံမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ရေးနဲ့ ရွေးကောက်ပွဲမှာ လုံခြုံရေး ကျိုးပေါက်မှု မဖြစ်စေရေးအတွက် ရဲတပ်ဖွဲ့အနေနဲ့ နယ်မြေအလိုက် မှုခင်းကျဆင်းရေးကို အရှန်အဟုန်မြှင့် ဆောင်ရွက်သွားရမယ်။”

စစ်ခေါင်းဆောင် ကိုယ်တိုင်လည်း သြဂုတ် ၁၃ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကော်မရှင် အစည်းအဝေးမှာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ ပြောဆိုထားပါတယ်။

အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်း လူသတ်၊ လုယက်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲမှုများ နေ့စဥ်ဖြစ်နေပေမဲ့ ရဲတွေက မှုခင်းကျဆင်းရေးမလုပ်ဘဲ အခုမှလုပ်တာဟာ ရွေးကောက်ပွဲဆန့်ကျင်သူတွေ ဖမ်းဆီးနှိမ်နင်းဖို့ ဖြစ်တယ်လို့ အငြိမ်းစားရဲအရာရှိတယောက်က သုံးသပ်ပြောဆိုပါတယ်။

“မှုခင်းအရှိန်အဟုန်မြှင့် ဆောင်ရွက်မယ်ဆိုတာ ခိုးဆိုးခါးနဲ့ လူသတ် လုယက်နေတာတွေ ဖမ်းဖို့မဟုတ်ဘူး။ ရွေးကောက်ပွဲကို ဆန့်ကျင်သူတွေကို ရွေးကောက်ပွဲ ဥပဒေနဲ့ ဖမ်းပြီး ထောင်ထဲထည့်ဖို့ လုပ်ချင်တာ။ မြန်မာနိုင်ငံမှာ Crime Free လို့ခေါ်တဲ့ မှုခင်းကျဆင်းကို တကယ်လုပ်ခဲ့တာ NLD အစိုးရလက်ထက်ပဲ ရှိတယ်။”

ရွေးကောက်ပွဲကိုစိတ်ကြိုက် ကျင်းပချင်တဲ့ စစ်ခေါင်းဆောင်အနေနဲ့ ဇူလိုင် ၂၉ ရက်က ထောင်ဒဏ် ၃ နှစ်ကနေ သေဒဏ်အထိ ပြစ်မှု ပြစ်ဒဏ်ပါတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာလကုန် သို့မဟုတ် ၂၀၂၆ ဇန်နဝါရီလမှာ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပသွားမယ်လို့ ပြောဆိုထားပြီး ဝင်ရောက်ယှဥ်ပြိုင်မည့် ပါတီ ၅၄ ပါတီ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013