DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်တိုက်ပွဲ၌ ဖမ်းမိသည့် စစ်သုံ့ပန်း မိသားစုဝင် ၁၄၄ ဦးကို AA လွှတ်ပေး
DVB
·
August 13, 2025
တောင်ကုတ်တိုက်ပွဲ၌ ဖမ်းမိသည့် စစ်သုံ့ပန်း မိသားစုဝင် ၁၄၄ ဦးကို AA လွှတ်ပေး
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၁၄၄ ယောက်ကို ဩဂုတ် ၉ ရက်မှာ မိသားစုဝင်တွေ လက်ထဲကို AA က အခမ်းအနားနဲ့ ပြန်လွှဲပေးလိုက်တယ်လို့ ရခိုင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြန်လွှတ်ပေးလိုက်တဲ့ အထဲမှာ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်ပြီး သူတို့ သွားလိုတဲ့ နေရာတွေကို သွားဖို့  AA ဘက်က စီစဉ်ပေးခဲ့တယ်လို့ တောင်ကုတ်မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“တိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း မိသားစုဝင်တွေကို ပြန်လွှတ်ပေးလိုက်တာရှိတယ်။ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်ပြီးတော့ အခမ်းအနားနဲ့ မိသားစုဝင်တွေ လက်ထဲကို လွှဲပေးလိုက်တာ။ လွှတ်ပေးတဲ့ အထဲမှာ ကလေးငယ်သူ၊ အမျိုးသမီးနဲ့ သက်ကြီးပိုင်းတွေပါတယ်။ သူတို့သွားလာဖို့အတွက်လည်း AA ဘက်က အကုန်လုံးစီစဉ်ပေးတယ်။”

အာရက္ခတပ်တော်(AA) က  မေလနဲ့ ဧပြီလအတွင်းလည်း မင်းပြား၊ မြောက်ဦး၊ မောင်တော်နဲ့ ပလက်ဝမြို့နယ်က စစ်သုံ့ပန်းမိသားစုဝင် ၁၂၀၀ ကျော်ကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။

ရခိုင်တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေကို အာရက္ခတပ်တော်က ကောင်စွာထိန်းသိမ်းပြီး လုံခြုံရေးအရ အဆင်ပြေတဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေကို ဦးစားပေး လွှတ်ပေးတာတွေရှိတယ်လို့ ရခိုင်သတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်သုံ့ပန်းမိသားစုဝင်တွေကို ပြန်လွှတ်ပေးတာဟာ လူသားဆန်မှုကို ပြသတာဖြစ်ပြီး အပြစ်ရှိသူနဲ့ အပြစ်မဲ့သူတွေကို ခွဲခြားပြတာလို့ ရခိုင်ပြည်နယ်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးတယောက်က  ပြောပါတယ်။

“စစ်သုံ့ပန်းမိသာစုဝင်တွေကို ပြန်လွှတ်ပေးတယ်ဆိုတာ တော်တော်ကို ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်တယ်။ အပြစ်ရှိသူနဲ့ အပြစ်မဲ့သူတွေကို ခွဲခြားပြီး ပြန်လွှတ်ပေးတယ်ဆိုတာက လူသားဆန်မှုကို ပြသတာဖြစ်တယ်။”

ရခိုင်ပြည်နယ်က AA ထိန်းချုပ်မြို့နယ်တွေမှာ တိုက်ပွဲအတွင်းဖမ်းဆီးရမိတဲ့ စစ်သုံ့ ပန်း မိသားစုဝင် ၁၅၀၀ ထက်မနည်းကို အသုတ်လိုက်ခွဲပြီး ပြန်လွှတ်ပေးထားပြီး ဖြစ်ပါတယ်။

အာရက္ခတပ်တော်က ရခိုင်ပြည်နယ်မှာ  မြို့နယ် ၁၅ မြို့နယ်အထိသိမ်းပိုက်ထားပြီး စစ်သုံ့ပန်း အဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး ဖမ်းဆီးရမိထားတယ်လို့လည်း AA က  ပြောထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013