DVB Logo
Home
မြန်မာသတင်း
ပလက်ဝဒေသအရေး ဆွေးနွေးရန် CNF ၏ ကမ်းလှမ်းမှု AA မတုံ့ပြန်
DVB
·
August 13, 2025
ပလက်ဝဒေသအရေး ဆွေးနွေးရန် CNF ၏ ကမ်းလှမ်းမှု AA မတုံ့ပြန်
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အာရက္ခတပ်တော် (ULA/AA) ရဲ့ အုပ်ချုပ်ရေး ဖော်ဆောင်နေမှုနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF) ဘက်က တွေ့ဆုံဆွေးနွေးဖို့ အမြဲတမ်းပြောနေပေမဲ့  AA ဘက်က မတုံပြန်ဘူးလို့  CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက DVB ကို ပြောပါတယ်။

ပလက်ဝဒေသကို AA တပ်ဖွဲ့က ရခိုင်ပြည်နယ်ရဲ့ ခရိုင်တခုအနေနဲ့ ထည့်သွင်းပြီး အုပ်ချုပ်နေတာဟာ ချင်းပြည်သူတွေအပေါ် ကိုလိုနီပြုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ Chin Civic Movement-CCM က ဩဂုတ်  ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ချင်းအမျိုးသားရေးနဲ့ ချင်းပြည်တည်ဆောက်ရေးကို ကိုယ်စားမပြုတဲ့ ဘယ်လက်နက်ကိုင် လူမျိုးကိုယ်စားပြုအဖွဲ့အစည်းပဲဖြစ်ဖြစ် ဖက်ဒရယ်ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ သွေဖီနေတဲ့ အုပ်ချုပ်ရေး ဖော်ဆောင်မှုတွေကို CCM ဘက်က လက်ခံ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။

AA ပြောရေးဆိုခွင့်ရှိ ဦးခိုင်သုခကတော့ ဒေသတခုကို သိမ်းပိုက်ပြီးရင် အဲဒီအတိုင်းထားလို့မရတဲ့အတွက် သူတို့ သိမ်းပိုက်ထားတဲ့ ပလက်ဝမြို့ရဲ့ တည်ငြိမ်ရေး တရားဥပဒေစိုးမိုးရေးနဲ့ ဒေသဖွံဖြိုးရေးတွေကို လုပ်ဆောင်ဖို့ သူတို့မှာ တာဝန်ရှိတာကြောင့် သူတို့အုပ်ချုပ်ရေးယန္တရားအရနဲ့ ဆောင်ရွက်နေတာလို့ ဩဂုတ် ၁၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒေသခံပြည်သူလူထုရဲ့ သဘောဆန္ဒမပါဘဲ အုပ်ချုပ်ရေးယန္တရားဖော်ဆောင်တာဟာ ဒီနွေဦးတော်လှန်ရေးမှာ မလုပ်သင့်မလုပ်ထိုက်တဲ့အလုပ်ဖြစ်တာကြောင့် ပလက်ဝပြည်သူနဲ့ အာရက္ခတပ်တော် (ULA/AA) ကြားမှာ မကျေလည်မှုတွေဖြစ်လာပြီး ပဋိပက္ခဘက်ကို ဦးတည်သွားမှာကို စိုးရိမ်တယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။ 

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013