DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း တပ်ရင်းများ၌ ရတနသုတ်ပရိတ်ရွတ်ရန် စစ်ခေါင်းဆောင် ညွှန်ကြား
DVB
·
August 11, 2025
ဧရာဝတီတိုင်း တပ်ရင်းများ၌ ရတနသုတ်ပရိတ်ရွတ်ရန် စစ်ခေါင်းဆောင် ညွှန်ကြား
Donate to DVB

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ဧရာဝတီတိုင်းထဲက စစ်တပ် တပ်ရင်းတွေမှာ ရတနသုတ်ပရိတ်ရွတ်ဖို့ ညွှန်ကြားထားတယ်လို့ ပုသိမ်အနောက်တောင်တိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

စစ်ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်နဲ့ ဧရာဝတီတိုင်းထဲက တပ်ရင်းတွေမှာ သြဂုတ်လကစလို့ ဝတ်ရွတ်အသင်းတွေ ဖွဲ့စည်းပြီး သင့်လျော်သလို အချိန်သတ်မှတ်ကာ ၇ ရက်တိုင်တိုင် ရတနသုတ်ပရိတ်ရွတ်ဖို့ သြဂုတ် ၉ ရက်ကစတင် ညွှန်ကြားထားတာလို့ ဆိုပါတယ်။

နိုင်ငံအေးချမ်းသာယာဖို့၊ ပြည်သူတွေဘေးအန္တရာယ်အပေါင်းကနေ ကင်းဝေးစေဖို့ဆိုပြီး ရတနသုတ်ပရိတ်ကို ၉ ခေါက်တိတိ ရွတ်ဖတ်ဖို့ ညွှန်ကြားလာတာလို့ ပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူက ပြောပါတယ်။

ဒီညွှန်ကြားချက်အတိုင်း ရတနသုတ်ပရိတ်ရွက် ဖတ်တာလုပ်ဖို့ တပ်ရင်းမှူးတွေက စတင် စီစဉ်နေပြီး ပရိတ်ရွတ်ဖတ်နေတဲ့ ပုံတွေကို မှတ်တမ်းဓာတ်ပုံရိုက်ကာ အဆင့်ဆင့် တင်ပြပေးဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက သာသနာရေးဝန်ထမ်းတယောက်က “ဘာကြောင့် အတင်းအကျပ် ပရိတ်ရွတ်ဖတ်တာကို စီမံချက်နဲ့ ညွှန်ကြားပြန်တာလဲ မသိဘူး။ သူ့(စစ်ကောင်စီ)လက်အောက်ခံတွေကတော့ လုပ်နေရတာပဲ။ ပရိတ်တွေကို ရွတ်ဖတ်တာက ကောင်းတဲ့အလုပ်ပေါ့နော်။ မဖြစ်မနေ လုပ်ရတာမျိုးဆိုတာက အကျိုးသက်ရောက်မှု မရှိနိုင်ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်တပ်တို့ အပြင်းအထန် တိုက်ပွဲဖြစ်တုန်းကလည်း တိုင်းဝန်ကြီးချုပ်တင်မောင်ဝင်းနဲ့ ရာထူးကနေ ဖယ်ရှားခံရတဲ့ တိုင်းနယ်/လုံဝန်ကြီး မိုးမင်းနိုင်တို့က ပုသိမ်ရှိ တန်ခိုးကြီးစေတီတွေမှာ ယတြာချေခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် တင်မောင်ဝင်း ထီးတော်တင်ပြီးနောက် ဧရာဝတီတိုင်း ၊ ရေကြည်မြို့က သမိုင်းဝင်စေတီတော်တဆူ ဖြစ်တဲ့ ဒီပါရုံစေတီတော်မြတ်ကြီးဟာ မေ ၁၄ ရက် မွန်းလွဲပိုင်းက မိုးကြိုးထိမှန်ပြီး စိန်ဖူးတော် မြေခခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013