DVB Logo
Home
မြန်မာသတင်း
နယူးယောက်တွင် ရှစ်​လေးလုံး ၃၇ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကျင်းပ
DVB
·
August 10, 2025
နယူးယောက်တွင် ရှစ်​လေးလုံး ၃၇ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကျင်းပ
1 / 22
Donate to DVB

၈၈၈၈ အရေးတော်ပုံ ၃၇ နှစ်ပြည့် အခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ Greeley Square မှာ ဒေသစံတော်ချိန် ဩဂုတ် ၉ ရက် မနက်ပိုင်းက ကျင်းပခဲ့တာပါ။

တပါတီအာဏာရှင်စနစ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ၈၈၈၈ အရေးတော်ပုံဖြစ်စဉ်နဲ့ ခေတ်အဆက်ဆက် အာဏာရှင်စနစ်ကို ပြည်သူတွေ တွန်းကန်တော်လှန်ခဲ့ကြပုံတွေနဲ့ ပတ်သက်ပြီး နယူးယောက်မြန်မာအသိုက်အဝန်း (NYCBC)  ဦးဆောင်သူ ကိုနေတင်မြင့်က အခမ်းအနားမှာ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

NYCBC အဖွဲ့က ဦးဆောင်တဲ့ အခမ်းအနားကို အဝေးရောက် မြန်မာပြည်ဖွားတိုင်းရင်းသားများ တက်ရောက်ခဲ့ကြပြီး စစ်အာဏာရှင်တော်လှန်ရေး ကြွေးကြော်သံတွေ၊ နွေဦးတော်လှန်ရေး အတွက် နိုင်ငံတကာက သိရှိဖို့လိုအပ်တဲ့ အချက်အလက်တွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Photo : KyawSoe Latt / Sethu Win

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013