DVB Logo
Home
အားကစား
၂၀၂၅  ဘလွန်းဒီအောဆု ဆန်ခါကာတင်စာရင်းထုတ်ပြန် 
DVB
·
August 8, 2025
၂၀၂၅  ဘလွန်းဒီအောဆု ဆန်ခါကာတင်စာရင်းထုတ်ပြန် 
Donate to DVB

၂၀၂၅ ခုနှစ် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားရွေးချယ်ပွဲအတွက် ဆန်ကာတင် ကစားသမား အယောက် ၃၀ စာရင်းကို ဩဂုတ် ၇ ရက်က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီစာရင်းမှာ ဥရောပ ချန်ပီယံလိဂ်ချံပီယံ PSG အသင်းက ကစားသမား ၉ ယောက်အထိ အများဆုံးပါဝင်ပြီး ဘာစီလိုနာနဲ့ လီဗာပူးအသင်းက ၄ ယောက်စီပါဝင်ပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်က ၃ ယောက်၊ အင်တာမီလန်က ၂ ယောက်၊ ဒေါ့မွန်က ၁ ယောက်၊ မန်စီးတီးက ၁ ယောက်၊ အာဆင်နယ် ၂ ယောက်၊ ဘိုင်ယန်မြူးနစ်က ၂  ယောက်၊ နာပိုလီက ၁ ယောက်နဲ့ ချဲလ်ဆီးက ၁ ယောက် ဒီစာရင်းမှာ ပါဝင်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်း ဒီစာရင်းမှာ ပါသလို ဘာကာကြယ်ပွင့် လမိုင်းယာမယ်၊ ရီးရဲလ်ကစားသမားတွေဖြစ်တဲ့ ဘယ်လင်ဂမ်၊ အမ်ဘာပေ၊ ဗီနီးစီးယပ်စ် ဂျူနီယာတို့လည်း စာရင်းမှာပါပါတယ်။

ဒါ့အပြင် နာပိုလီနဲ့ အီတလီချံပီယံဖြစ်ခဲ့တဲ့ ကွင်းလယ်လူ တိုမီနေးလည်း ဒီစာရင်းမှာ ပါဝင်ပါတယ်။

စကော့တလန်ကစားသမား တိုမီနေးဟာ မနှစ်ကရာသီက နာပိုလီအတွက် စီးရီးအေဖလားရယူခဲ့နိုင်ခဲ့ပြီး စီးရီးအေတနှစ်တာအကောင်းဆုံးကစားဆုလည်း ရရှိခဲ့ သူပါ။ မန်ယူကွင်း လယ်လူဟောင်းဟာ အသင်းကနေ ထွက်ခွါလာပြီး ရက်ပေါင်း ၃၇၄ ရက်အတွင်း ဘလွန်းဒီအောဆု ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့တာပါ။

အဲဒီကစားသမားတွေထဲက အကောင်းဆုံးကစားသမားကို ဖီဖာ အဆင့်သတ်မှတ်ချက် ၁၀၀ အတွင်းဝင်တဲ့ နိုင်ငံတွေက သတင်းထောက် တယောက်စီက မဲပေးရွေးချယ်မှာဖြစ်ပါတယ်။

ပြင်သစ်ဘောလုံမဂ္ဂဇင်းက ဦးဆောင်ချီးမြှင့်တဲ့ ဘလွန်းဒီအာဆုပေးကိုလာမယ့်  စက်တင်ဘာ ၂၂ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ပီအက်စ်ဂျီတိုက်စစ်မှူး ဒမ်ဘီလီက ဆုရဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ 

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013