DVB Logo
Home
နိုင်ငံတကာ
ဂျပန်လူဦးရေ ၁၆ နှစ်ဆက်တိုက် စံချိန်တင်ကျဆင်း
DVB
·
August 7, 2025
ဂျပန်လူဦးရေ ၁၆ နှစ်ဆက်တိုက် စံချိန်တင်ကျဆင်း
Donate to DVB

၂၀၂၄ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ လူဦးရေဟာ စံချိန်တင်တဲ့အထိ ဆက်လက်ကျဆင်းနေပြီး အယောက် ၉၀၀,၀၀၀ ကျော် လျော့ကျခဲ့ကြောင်း တရားဝင် အချက်အလက်တွေအရ သိရပါတယ်။

အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပါ ကလေးမွေးနှုန်း ကျဆင်းမှုနဲ့ ရင်ဆိုင်နေရပေမဲ့လည်း ၁၆ နှစ် ဆက်တိုက် လူဦးရေကျဆင်းလာတဲ့ ဂျပန်နိုင်ငံမှာတော့ အခြေအနေ ပိုပြီးဆိုးရွားပါတယ်။

ဒါဟာ ၁၉၆၈ ခုနှစ်မှာစပြီး စစ်တမ်းကောက်ယူချိန်ကတည်းက အကြီးမားဆုံး လူဦးရေလျော့ကျမှု ဖြစ်တဲ့အလျောက် အဲဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ရာ မွေးဖွားနှုန်း ပြန်တက်လာအောင် ကြိုးပမ်းနေပါတယ်။

လွန်ခဲ့တဲ့နှစ်မှာ ဂျပန်လူဦးရေရဲ့ ၀ ဒသမ ၇၅ ရာခိုင်နှုန်းရှိတဲ့ အယောက် ၉၀၈,၅၇၄ လောက် လျော့ကျသွားတာကြောင့် စုစုပေါင်း သန်း ၁၂၀ ဒသမ ၆၅ သာ ကျန်တော့တယ်ဆိုပြီး အတည်ပြုပါတယ်။

ဒါပေမဲ့လည်း ဂျပန်မှာ နေထိုင်လျက်ရှိတဲ့ နိုင်ငံခြားသားဦးရေကတော့ ၃ ဒသမ ၆၇ သန်းအထိ တက်လာခဲ့ပြီး အဲဒီပမာဏကို ၂၀၁၃ ခုနှစ်နောက်ပိုင်း အများဆုံးဖြစ်ကြောင်း ဖော်ပြထားပါတယ်။

လက်ရှိဝန်ကြီးချုပ် ရှီဂဲရု အီရှီဘာ ကတော့ ဒါကို “တိတ်ဆိတ်နေတဲ့ အရေးပေါ် အခြေအနေအဖြစ်” သုံးနှုန်းခဲ့ပါတယ်။

ဒါကြောင့် အလုပ်ချိန်တွေ ပြန်ညှိပေးတာနဲ့ အခမဲ့ နေ့ကလေးထိန်းပေးတာ စတဲ့ မိသားစုတွေနဲ့ သင့်လျော်မယ့် (Family-Friendly) အစီအမံတွေကို ဖော်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်အရ ဂျပန်ဟာ မိုနာကို လိုမျိုး နိုင်ငံငယ်လေးရဲ့နောက်မှာ ကမ္ဘာ့ဒုတိယမြောက် သက်ကြီးရွယ်အို အများဆုံးနိုင်ငံဖြစ်ကြောင်း သိရပါတယ်။

အသက်အရွယ်အလိုက် ကြည့်မယ်ဆိုရင်လည်း ၆၅ နှစ်နဲ့အထက် ဂျပန်နိုင်ငံသားတွေဟာ စုစုပေါင်း လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းနီးပါးရှိပြီး ၁၅ နှစ်ကနေ ၆၄ နှစ်အထိ အသက်အုပ်စုဟာ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းနဲ့အထက်ကို လွှမ်းခြုံထားတာ တွေ့ရပါတယ်။

၂၀၂၄ ခုနှစ်အတွက် ဂျပန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ကလေးမွေးဖွားနှုန်းက အယောက် ၇၀၀,၀၀၀ ရဲ့အောက်ကို ပထမဆုံးအကြိမ် ကျဆင်းသွားခဲ့ပြီး ဒါဟာ ၁၈၉၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအရေအတွက် ဖြစ်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း ကျေးလက်ဒေသကနေ မြို့ကြီးပြကြီးဆီကို ရွှေ့ပြောင်းနေထိုင်ကြတဲ့အလျောက် ဂျပန်နိုင်ငံမှာ စွန့်ပစ်ထားတဲ့ အိမ်အရေအတွက်ဟာ ၄ သန်းလောက်အထိ မြင့်တက်လာခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့တဲ့ ဂျပန်အဘွားအို တိုမီကို အီတိုကာဟာ အသက် ၁၁၆ နှစ်အရွယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013