DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်မှုထမ်းတပ်သားသစ် ၁ ဦး လက်နက်နှင့် အလင်းဝင်
DVB
·
August 7, 2025
တနင်္သာရီတွင် စစ်မှုထမ်းတပ်သားသစ် ၁ ဦး လက်နက်နှင့် အလင်းဝင်
Donate to DVB

တနင်္သာရီမြို့နယ်မှာ စစ်တပ်က တပ်သားတယောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ လက်နက်နဲ့တကွ ဘက်ပြောင်းခိုလှုံလာတယ်လို့ တနင်္သာရီမြို့နယ် ပကဖက သြဂုတ် ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ခလရ ၅၅၇ တပ်ရင်းမှ တပ်သားတယောက် တနင်္သာရီပကဖဆီ ဆက်သွယ်ပြီး ဇူလိုင် ၃၀ ရက်မှာ ဘက်ပြောင်းခိုလှုံလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလင်းဝင်လာသူရဲ့ ကိုယ်ပိုင်အမှတ်က ပစ/၁၄၄၂၁၆ ဖြစ်ပြီး စစ်မှုထမ်းအပတ်စဥ် ၉ တပ်သားသစ်အဖြစ် အောက်ကင်းရွာအခြေစိုက် ခလရ ၅၅၇ တပ်ရင်း ရောက်ရှိနေတာ ၃ လခန့်ရှိပြီလို့ တနင်္သာရီမြို့နယ် ပကဖဆီက သိရပါတယ်။

တနင်္သာရီမြို့နယ် ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်မှုထမ်းတပ်သားသစ်ပါ။ ကျနော်တို့ဆီ ချိတ်ဆက်မှုလုပ်ပြီးမှ ရောက်လာတာပါ။ သူ့ဇာတိက ရန်ကုန်တိုင်း၊ မြောက်ဒဂုံကပါ။ အခုလက်ရှိကတော့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲမှာပဲ ဘေးကင်းလုံခြုံစွာနဲ့ ထားထားပါတယ်” လို့ ပြောပါတယ်။

ဘက်ပြောင်းခိုလှုံလာသူနဲ့အတူ MA-2 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခုနဲ့ ကျည် ၁၈ တောင့် ပါဝင်တယ်လို့ တနင်္သာရီပကဖရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိမှာတော့ ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သားကို တနင်္သာရီမြို့နယ် ပကဖက ဆုငွေ ကျပ် ၁၀ သိန်း ချီးမြှင့်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနဆီ စာတင်ထားတယ်လို့ တနင်္သာရီ ပကဖဆီက သိရပါတယ်။

စစ်တပ်က တပ်သားတွေအနေနဲ့ ပြည်သူလူထုဘက် ရပ်တည်လိုပါက တနင်္သာရီတိုင်း စစ်ဌာနရဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့ဆီ အမြန်ဆုံး ပူးပေါင်းကြဖို့နဲ့ ဘက်ပြောင်းခိုလှုံလာသူတွေကိုလည်း ဂုဏ်ပြုချီးမြှင့်သွားမယ်လို့ တနင်္သာရီပကဖက အသိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013