DVB Logo
Home
နိုင်ငံတကာ
ဘရာဇီးတွင် ရွှေချောင်း ၁၀၃ ကီလိုဂရမ် စံချိန်တင် ဖမ်းမိ
DVB
·
August 6, 2025
ဘရာဇီးတွင် ရွှေချောင်း ၁၀၃ ကီလိုဂရမ် စံချိန်တင် ဖမ်းမိ
Donate to DVB

ဘရာဇီးနိုင်ငံရဲ့ မြောက်ဘက်အကျဆုံးနဲ့ လူဦးရေအနည်းဆုံး ပြည်နယ်ဖြစ်တဲ့ ရိုးရိုင်မာပြည်နယ်မှာ ဘရာဇီး ဖက်ဒရယ် အဝေးပြေးရဲတပ်ဖွဲ့က ပစ်ကပ်ထရပ်ကားတစီးကနေ ရွှေ ၁၀၃ ကီလိုဂရမ်ကို သြဂုတ် ၄ ရက်က သိမ်းဆည်းရမိခဲ့ပြီး ဒါဟာ အေဂျင်စီက လုပ်ဆောင်ခဲ့သမျှထဲမှာ အကြီးမားဆုံး ဖမ်းဆီးရမိမှုလည်း ဖြစ်ပါတယ်။

ရိုးရိုင်မာပြည်နယ်ရဲ့ မြို့တော် ဘိုဝါးဗစ်စ်တာမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ရွှေတွေကို သယ်ဆောင်လာတဲ့ ယာဉ်မောင်းတယောက်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဘရာဇီးငွေ ဟေးအိုင်စ် ၆၁ သန်း (အမေရိကန်ဒေါ်လာ ၁၁ သန်းကျော်) တန်ကြေးရှိတဲ့ ရွှေတုံး ၁၀၀ ကျော်ကို ရွန်ဒိုနီးယားပြည်နယ်ကနေ သယ်ဆောင်မောင်းနှင်လာပြီး BR-401 အဝေးပြေးလမ်းမကြီးပေါ်ရှိ ရဲစစ်ဆေးရေးစခန်းမှာ တွေ့ရှိခဲ့ကြောင်းနဲ့ အဲဒီရွှေချောင်းတွေကို ဗင်နီဇွဲလား သို့မဟုတ် ဂိုင်ယာနာကို ဦးတည် မောင်းနှင်ပုံ ရကြောင်းလည်း ဖော်ပြထားပါတယ်။

အသက် ၃၀ အရွယ် အမျိုးသားယာဉ်မောင်းဟာ သူ့ဇနီးဖြစ်သူနဲ့ ကလေးငယ်တယောက်တို့နဲ့အတူ ခရီးသွားနေတာ ဖြစ်ပါတယ်။

PRF အေးဂျင့်တွေဟာ ကုန်တင်ကုန်ချအတွက် စာရွက်စာတမ်းတွေမှာ မကိုက်ညီမှုတွေကို တွေ့ရှိဖော်ထုတ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကနဦးရှာဖွေမှုမှာ ရွှေအနည်းငယ်ကို တွေ့ရှိခဲ့ပြီးနောက် ပိုပြီး စေ့စေ့စပ်စပ်  စစ်ဆေးရှာဖွေခဲ့ပြီးနောက်မှာ မော်တော်ယာဉ်ရဲ့ ဒက်ရှ်ဘုတ်မှာ ဝှက်ထားတဲ့ ရွှေချောင်း ၁၀၀ ကျော်ကို တွေ့ရှိခဲ့တာပါ။

ထုတ်ပြန်ချက်အရ အဲဒီစစ်ဆင်ရေးကို ရိုးရိုင်မာရဲ့မြို့တော်ရှိ ဖက်ဒရယ်အုပ်ချုပ်ရေးဌာနခွဲက တည်ထောင်ခဲ့တဲ့ ကာဆာ ဒီဂိုဗေနိုမှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကုန်းမြေဧရိယာအားဖြင့် ဘရာဇီးမှာ အကြီးဆုံးဖြစ်တဲ့ ယာနိုမာမီ ဌာနေတိုင်းရင်းသား ပိုင်နက်အတွင်းမှ တရားမဝင် တူးဖော်ရေးလုပ်ငန်းတွေကို ဖျက်သိမ်းပစ်ဖို့ ရည်ရွယ်နေတာလို့လည်း သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013