DVB Logo
Home
မြန်မာသတင်း
စလင်းမြို့နယ်၌ စစ်မှုထမ်းခိုင်းရန် အမျိုးသား ၂၀ ကျော်ကို စစ်တပ်ကဖမ်းဆီး 
DVB
·
August 5, 2025
စလင်းမြို့နယ်၌ စစ်မှုထမ်းခိုင်းရန် အမျိုးသား ၂၀ ကျော်ကို စစ်တပ်ကဖမ်းဆီး 
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ဩဂုတ် ၁ ရက်မှ ၄ ရက်နေ့အတွင်း စစ်တပ်မှာ စစ်မှုထမ်းခိုင်းဖို့ အတွက် အမျိုးသား ၂၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာ ခရီသည်ကားတွေကို စစ်ဆေးတဲ့အချိန် စစ်မှုထမ်းဖို့ အသက်အကြုံးဝင်တဲ့ လူလတ်ပိုင်း အမျိုးသားတွေကို ဖမ်းဆီးတာ ရှိသလို မြို့အတွင်း သွားလာနေတဲ့ လူလတ်ပိုင်း အမျိုးသားတချို့ကိုလည်း ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

မြို့တွင်း လုံခြုံရေးတင်းကျပ်တာ အပြင် စစ်တပ်က စစ်မှုထမ်းအတွက် လူသစ်စုဆောင်းတာတွေကို ပိုပိုပြီး ကျပ်ကျပ်မတ်မတ် လုပ်ဆောင်နေတယ်လို့ ဒေသခံတယောက်က  DVB ကို ပြောပါတယ်။

“မြို့ထဲမှာလည်း စစ်ဆေးရေးတွေ ပိုပြီး လုပ်လာတာတွေ ရှိတယ်။ စစ်ဆေးရေး လုပ်ရင်းနဲ့ စစ်မှုထမ်းအတွက်လည်း အသက်ပြည့်တဲ့ အမျိုးသားတွေကို မထင်ရင် မထင်သလို ဖမ်းခေါ်သွားတာ။ ဈေးတို့ ကားဂိတ်တို့ စစ်ဆေးဂိတ်တွေမှာ အဓိက စစ်ဆေးဖမ်းဆီးနေတာ”

ဖမ်းဆီးခံရတဲ့ အမျိုးသားတွေကို စလင်း အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ( ၂၅၃ ၊ ၂၅၄၊ ၂၅၅) တပ်ရင်းတွေမှာ လတ်တလော ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား မကြာခဏ တိုက်ပွဲပြင်းထန်လေ့ရှိတဲ့ မြို့မြောက်ဘက်ခြမ်းကိုလည်း လုံခြုံရေးတိုမြင့်တာတွေ လုပ်ဆောင်နေတယ်လို့ စလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

“စလင်းမှာ အစစ်ဆေး အတားဆီတွေ ပိုများလာတယ်။ ပြီးတော့ မြို့မြောက်ဘက်ခြမ်းမှာ ခံစစ်အတွက် ဘန်ဂာာတွေ အခိုင်မာ တည်ဆောက်နေတာတွေလည်း ရှိတယ်။ ကာကွယ်ရေး တပ်တွေ စိုးမိုးနယ်မြေနဲ့ မြို့နဲ့က ဟိုဘက် ဒီဘက်လိုဖြစ်နေတာ။ အဲဒါကြောင့် သူတို့ (စစ်ကောင်စီ)က မြို့ကို ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖော်ဆောင်လာမှာကိုလည်း စိုးရိမ်ပုံရတယ်"

ဇူလိုင် ၃၀ ရက်မှာ ဆင်ဖြူကျွန်း-ဆိပ်ဖြူ-ချောက်လမ်းပိုင်းပေါ်ရှိ တညောင်ရဲစခန်းကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး လက်တလောမှာလည်း မြို့မြောက်ဘက်ခြမ်းမှာ မကြခဏ တိုက်ပွဲ ဖြစ်နေတာ ရှိတယ်လို့ စလင်း ပကဖက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013