DVB Logo
Home
မြန်မာသတင်း
ကရင်နီတိုက်ပွဲအတွင်း KNDF ရဲဘော် ၁ ဦး ကျဆုံး
DVB
·
August 5, 2025
ကရင်နီတိုက်ပွဲအတွင်း KNDF ရဲဘော် ၁ ဦး ကျဆုံး
1 / 5
Donate to DVB

ကရင်နီပြည်နယ် ရှေ့တန်းတနေရာမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း အမှတ် ၁၄ က ရဲဘော်ချမ်းမြေ့အောင် ကျဆုံးသွားတယ်လို့ တပ်ရင်းက သြဂုတ် ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရဲဘော် ချမ်းမြေ့အောင်က ဇူလိုင် ၂၅ ရက်က ရှေ့တန်းတာဝန်ထမ်းဆောင်ရင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မြေပြင်ရဲဘော်တယောက်က “တိုက်ခိုက်ရေးမှာကအစ ဝင်လုပ်ပြီး တာဝန်ကျေခဲ့တဲ့သူပေါ့။ ပြီးတော့ လူထုအတွက် လုံခြုံရေးလုပ်ပေးသူထဲမှာ သူပါတာပေါ့။ တပ်ရင်းမှာ အားကိုးရတဲ့သူ၊ အမြဲစိတ်ရှည်ပေးတဲ့သူမျိုး အခုလို ပစ်ခံရတာမျိုး ဖြစ်သွားတာပေါ့လေ” လို့ ပြောပါတယ်။

ရဲဘော် ချမ်းမြေ့အောင်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ KNDF တပ်ရင်းအမှတ် ၁၄ ကို ရောက်ရှိလာပြီး ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်နိုင်သူဖြစ်တဲ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် အသက်ကို ပေးဆပ်သွားတဲ့ ရဲဘော်ချမ်းမြေ့အောင်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုပြီး ကျဆုံးရမှုအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်ကလည်း KNDF တပ်ရင်းအမှတ် ၁၄ က ရဲဘော် ခူးဘူးရယ် ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းက ထုတ်ပြန်ထားပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013