DVB Logo
Home
နိုင်ငံတကာ
ထိုင်ဝမ်လူငယ်များကို ဆီမီးကွန်ဒတ်တာ နည်းပညာ စိတ်ဝင်စားစေရန် ပြုစုပျိုးထောင်
DVB
·
August 5, 2025
ထိုင်ဝမ်လူငယ်များကို ဆီမီးကွန်ဒတ်တာ နည်းပညာ စိတ်ဝင်စားစေရန် ပြုစုပျိုးထောင်
Donate to DVB

ထိုင်ဝမ်ရဲ့ တစိတ်တပိုင်း လျှပ်ကူးပစ္စည်းကဏ္ဍကို လူငယ်တွေကြားမှာ စိတ်ဝင်စားအောင် ဒီဇိုင်းထုတ်ထားတဲ့ အမေရိကန်အခြေစိုက် ချစ်ပ်ဒီဇိုင်နာ Synopsys က ဦးစီးကျင်းပတဲ့ ၄ ရက်ကြာ နွေရာသီစခန်းမှာ ကျောင်းသား အယောက် ၈၀ ပါဝင်ခဲ့ပါတယ်။

အဖြူရောင် အကာအကွယ်ပစ္စည်းအပြည့်အစုံနဲ့ မျက်နှာဖုံးတွေကို ဝတ်ဆင်ထားတဲ့ ကျောင်းသားတစုဟာ ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ရေးမှာသုံးတဲ့ နောက်ဆုံးပေါ် ငွေရောင်စက်တွေနဲ့ မိတ်ဆက်ပေးနေတဲ့ လမ်းညွှန်တယောက်နားမှာ စုပြုံနေတာပါ။

ကျောင်းသားတွေဟာ စက်မှုလုပ်ငန်းကို အားကောင်းစေတဲ့ နည်းပညာကို ကိုယ်တိုင်ကြည့်ခဲ့ကြပါတယ်။

“ထိုင်ဝမ်နိုင်ငံသားတွေမှာ ဒီအသိပညာရှိဖို့က တော်တော်အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်” လို့ နွေရာသီစခန်းကို ပူးပေါင်းသူ စင်ကာပူမှာနေတဲ့ အသက် ၁၇ နှစ်အရွယ် ကာရိုလင်း ချူးက ပြောပါတယ်။

မကြာသေးမီနှစ်တွေအတွင်း ချစ်ပ်ကုမ္ပဏီတွေနဲ့ ထိုင်ဝမ်တက္ကသိုလ်တွေဟာ ကလေးမွေးဖွားနှုန်း အမြန်ကျဆင်းနေတဲ့ ထိုင်ဝမ်ကျွန်းဟာ ကမ္ဘာ့ထိပ်တန်း တပိုင်းလျှပ်ကူးကိရိယာလုပ်ငန်းအတွက် အရည်အချင်းတွေ ဆက်ပြီး ပံ့ပိုးပေးနိုင်မလားဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် ကျောင်းသားတွေကို ဒီကဏ္ဍမှာ ပါဝင်အောင် ဆွဲဆောင်ဖို့ လေ့လာရေးစခန်းတွေကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။

Synopsis Taiwan ရဲ့ ဥက္ကဋ္ဌက “အလွန်အရေးကြီးတဲ့ လိုအပ်ချက်တခုကတော့ သိပ္ပံနဲ့ အင်ဂျင်နီယာပညာကို အရှိန်အဟုန်နဲ့ အမြစ်တွယ်ပြီး (ယခင်ပညာရေးအဆင့်အထိ) ကြီးထွားဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

စိုးရိမ်စိတ်တွေ ဘယ်လောက်ကြီးလာလဲဆိုတဲ့ လက္ခဏာတရပ်အနေနဲ့ စခန်းတွေကို ၂၀၂၃ ခုနှစ်မှာ စခဲ့တဲ့ Synopsis ဟာ အခုနှစ်မှာ မန်ဒရင်း တရုတ်စကားပြော ထိုင်ဝမ်ကျောင်းသားတွေကိုသာမက အင်္ဂလိပ်ဘာသာနဲ့ ဆင်နွှဲတဲ့စခန်းကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး အမေရိကန်နဲ့ စင်ကာပူ အပါအဝင် နိုင်ငံ ၈ နိုင်ငံက ပါဝင်သူတွေကို ဆွဲဆောင်ခဲ့ပါတယ်။

လူဦးရေ ၂၃ သန်းဝန်းကျင်ရှိတဲ့ ထိုင်ဝမ်ဟာ ကမ္ဘာ့အကြီးဆုံး ကန်ထရိုက် Chip ထုတ်လုပ်သူ၊ MediaTek နဲ့ UMC တို့လို ချစ်ပ်ကုမ္ပဏီတွေဖြစ်တဲ့ ထိုင်ဝမ် Semiconductor Manufacturing Co (TSMC) ကြောင့် ကမ္ဘာလုံးဆိုင်ရာ တပိုင်းလျှပ်ကူးပစ္စည်း ထောက်ပံ့ရေးကွင်းဆက်အပေါ် သြဇာလွှမ်းမိုးမှု ကြီးကြီးမားမား ရှိနေပါတယ်။

TSMC ဟာ ပြည်တွင်းရော ပြည်ပပါ တိုးချဲ့နေပြီး ကမ္ဘာလုံးဆိုင်ရာ လုပ်သားအင်အားဟာ ၂၀၁၉ နှစ်ကုန်ပိုင်းနဲ့ နှိုင်းယှဉ်ရင် ၂၀၂၄ နှစ်ကုန်မှာ ၈၃,၀၀၀ ကျော်အထိ ၆၃ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့ နှစ်စဉ် မွေးကင်းစကလေးအရေအတွက်ဟာ ၂၀၁၄ ခုနှစ်မှာ ၂၁၀,၀၀၀ ကျော်ကနေ ၂၀၂၄ ခုနှစ်မှာ ၁၃၅,၀၀၀ ဝန်းကျင်အထိ ကျဆင်းသွားတယ်လို့ ထိုင်ဝမ်အစိုးရ စာရင်းဇယားတွေက ဆိုပါတယ်။

STEM တက္ကသိုလ်ဘွဲ့ရ ဦးရေဟာ ၂၀၁၄ မှာ ၉၇,၈၃၂ ကနေ ၂၀၂၄ ခုနှစ်မှာ ၈၃,၀၀၀ လောက်အထိ ကျဆင်းသွားခဲ့တယ်လို့ ထိုင်ဝမ် ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

Nvidia လို နိုင်ငံခြားနည်းပညာကုမ္ပဏီကြီးတွေဟာ ထောက်ပံ့ရေးကွင်းဆက်နဲ့ ပိုနီးကပ်စေဖို့ ထိုင်ဝမ်မှာ သူတို့ရဲ့ ခြေကုပ်ကို ပိုကြီးအောင် လုပ်နေပါတယ်။

ဒါပေမဲ့ ချပ်စ်ကုမ္ပဏီတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေက ကျောင်းသားဦးရေ နည်းပါးလာလို့ ဒေသတွင်း အရည်အချင်းရှိတဲ့ လူငယ်တွေကို ရှာဖို့ ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013