DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာကြီးပူနွေးလာမှု အန္တရာယ် ကုလအရာရှိ သတိပေး
DVB
·
August 4, 2025
ကမ္ဘာကြီးပူနွေးလာမှု အန္တရာယ် ကုလအရာရှိ သတိပေး
Donate to DVB

ကမ္ဘာကြီး ပူနွေးလာမှု ကန့်သတ်ချက် ၁  ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်မယ့် အန္တရာယ် နီးကပ်နေပြီလို့ ရာသီဥတု ကျွမ်းကျင်သူတွေက ကာလရှည်ကြာ သတိပေးခဲ့ပါတယ်။

ဒီကန့်သတ်ချက်ဟာ မပြောင်းနိုင်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ပျက်စီးမှုနဲ့ လူသားတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုအပေါ် အပြင်းအထန် သက်ရောက်နေတယ်လို့ ကုလသမဂ္ဂ ထိပ်တန်း အရာရှိတယောက်က သတိပေးထားပါတယ်။

ဒီကန့်သတ်ချက်ဟာ ပစ်မှတ်တခုသာမက ကမ္ဘာမြေရဲ့ ရာသီဥတုစနစ်ကို ညွှန်ပြတဲ့အချက်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် သဲကန္တာရတွေ၊ ရေခဲပြင်ပြိုကျမှုတွေနဲ့ ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေလို ကပ်ဘေးတွေ ပေါင်းစည်းနိုင်ခြေကလည်း အဆမတန် ကြီးထွားလာလိမ့်မယ်လို့ အစီရင်ခံစာတွေက ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ စီမံကိန်းဌာနရုံး (UNOPS) ရဲ့ အမှုဆောင်ဒါရိုက်တာ ယော်ဂျေ မိုရေးရားဒါး စီလ်ဗာက 1.5°C ရည်မှန်းချက်ကို ပြည့်မီဖို့ ပျက်ကွက်ခြင်းရဲ့ ဆိုးကျိုးတွေကို သောကြာနေ့က ထုတ်လွှင့်တဲ့ CCTV သတင်းဌာနနဲ့ သီးသန့်အင်တာဗျူးတခုမှာ အလေးပေး ပြောကြားပါတယ်။

ဒါဆေးလ်ဗားက နည်းပညာတိုးတက်မှုတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ စီးပွားရေးရဲ့ ရှင်သန်နိုင်စွမ်းနဲ့ ပတ်သက်ပြီး အကောင်းမြင်တယ်လို့ ထုတ်ပြောပါတယ်။

ဒါပေမဲ့ ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်မှု အရှိန်အဟုန်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။

ဦးတည်ချက်မှန်ပေမဲ့ စိန်ခေါ်မှုရဲ့ အတိုင်းအတာနဲ့ ကိုက်ညီဖို့ အရေးတကြီး လိုနေသေးတယ်လို့လည်း သူက မှတ်ချက်ပြုခဲ့ပါတယ်။

နိုင်ငံတကာ စွမ်းအင်အေဂျင်စီက ၂၀၅၀ မှာ ကမ္ဘာပေါ်မှာ ကာဗွန်ထုတ်လွှတ်မှုနဲ့ ပြန်စုပ်ယူမှု ညီမျှအောင် စွမ်းအင်အတွက် ကြိုးပမ်းချက်တွေနဲ့အတူ အလုပ်အကိုင်တွေ သိသိသာသာ တိုးလာမယ်၊ ၂၀၃၀ မှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အတွက် အလုပ်အကိုင် ၄ ဆ ပိုရလိမ့်မယ်လို့ ပြောပါတယ်။

“ဒါကြောင့်မို့လို့ နည်းပညာနဲ့ ပတ်သက်ပြီး အကောင်းမြင်ပါတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီး အကောင်းမြင်ပါတယ်။ ကျနော်စိုးရိမ်တဲ့အချက်က ၂ ချက်ပဲရှိတယ်၊ အရှိန်နဲ့ စည်းလုံးမှုပဲ” လို့ သူက ဆက်ပြောပါတယ်။

အရှိန်အဟုန်နဲ့ လမ်းကြောင်းမှန်ကို သွားနေတဲ့အချိန်မှာတောင် လုံလောက်အောင် မြန်မြန် သွားနေတယ်လို့ မထင်ကြောင်းလည်း သူက ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013