DVB Logo
Home
အားကစား
ပရီးမီးယားလိဂ်တွင် အသင်းအရေအတွက် လျှော့ချရန် အစီအစဉ်မရှိ 
DVB
·
August 2, 2025
ပရီးမီးယားလိဂ်တွင် အသင်းအရေအတွက် လျှော့ချရန် အစီအစဉ်မရှိ 
Donate to DVB

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသင်းအရေအတွက် လျှော့ချသွားဖို့ အစီအစဉ်မရှိကြောင်း လိဂ်စီအီးအို ရစ်ချက်မာစတာက ပြောပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ နိုင်ငံတကာဘောလုံးပြက္ခဒိန်ရေးဆွဲရာမှာ ကစားသမားတွေအတွက် ပွဲပန်းမှုနည်းပါးစေဖို့အတွက် လိဂ်ပွဲစဉ်တချို့ကို လျှော့ချမယ့် အခြေအနေရှိနေတာပါ။

ပြင်သစ်လီဂူးဝမ်းမှာ ၂၀၂၃-၂၀၂၄ ရာသီကစတင်ပြီး လက်ရှိအချိန်အထိ အသင်း ၂၀ ကနေ ၁၈ သင်းအထိ လျှော့ချပြီး ယှဉ်ပြိုင်ကစားစေတာမျိုးရှိပါတယ်။

ပရီးမီးယားလိဂ်အနေနဲ့ ဖီဖာရဲ့ ပွဲစဉ်ဇယားတွေအပေါ် မှတ်ချက် မပေးလိုပေမဲ့ မိမိတို့ရဲ့ လိဂ်ပြိုင်ပွဲကိုတော့ အသင်း ၂၀ ကနေ ၁၈ သင်း အထိ လျှော့ချဖို့ အစီအစဉ်မရှိကြောင်း၊ ၁၉၉၄ ခုနှစ်ကတည်းက အသင်း ၂၀ နဲ့ ပွဲပေါင်း ၃၈၀ နဲ့ ကျင်းပလာတဲ့ပြိုင်ပွဲကို ပြောင်းလဲဖို့ မရှိကြောင်း လိဂ်စီအီးအို ရစ်ချတ်မာစတာက ပြောသွားပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013