DVB Logo
Home
မြန်မာသတင်း
ကာလုံက အာဏာ ၃ ရပ်လုံးကို ကျင့်သုံးမည်
DVB
·
July 31, 2025
ကာလုံက အာဏာ ၃ ရပ်လုံးကို ကျင့်သုံးမည်
Donate to DVB

အရေးပေါ်အခြေနေကြေညာပြီး စစ်ခေါင်းဆောင်ဆီ နိုင်ငံတော်အာဏာလွှဲအပ်ခဲ့တာ ဇူလိုင် ၃၀ ရက်နေ့မှာ တာဝန်ပြီမြောက်တဲ့အတွက် ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာပြီး ကာလုံကနေ အာဏာသုံးရပ်လုံးကို ကျင့်သုံးသွားမယ်လို့ တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“အခြေခံဥပဒေ ပုဒ်မ ၄၂၇(က) အရ ကာလုံကနေ အာဏာသုံးရပ်လုံးကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ကျင့်သုံးသွားမှာဖြစ်ပါတယ်။ ပုဒ်မ ၄၂၇ (က) အရ နိုင်ငံတော်သမ္မတ (၁) ရွေးချယ်တင်မြှောက်ပြီးတဲ့ချိန်ထိ ပြည်ထောင်စုအဆင့် အာဏာပိုင်အဖွဲ့အစည်းတွေ ဆောင်ရွက်ပြီးသည်အထိ ဥပဒေပြုရေးအာဏာကို ကာလုံက ကိုယ်တိုင် ဆောင်ရွက်မှာဖြစ်ပါ တယ်။ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေကိုတော့ သင့်လျော်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲလိုဆောင်ရွက်တဲ့အခါမှာ ၄၂၈ အရ သက်ဆိုင်ရာအရည်အချင်းနဲ့ ညီညွတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းတာဝန်ပေးသွားမယ်။”

ပုဒ်မ ၄၂၆ နဲ့ ၄၂၉ အရ အရေးပေါ်ကာလကြေညာတာကို ရုပ်သိမ်းပြီး ၆ လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးသွားရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ဘယ်စနစ်နဲ့ ပြုလုပ်သွားမယ်ဆိုတာကိုလည်း အခုလို ပြောပါတယ်။

“ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော် (FPTP) စနစ်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေမှာ ရောနှောထားတဲ့ ကိုယ်စားလှယ်များ အချိုးကျစနစ် (MMP) နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” 

ဒီလိုရွေးကောက်ပွဲပြုလုပ်တာမှာ မဲပေးဖို့အတွက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူ ၆ သန်း ၂ သိန်းကျော်ကို နိုင်ငံသားစိစစ်ရေးကတ်တွေ ပြုလုပ်ပေးသွားမယ်လို့လည်း ပြောပါတယ်။

ဒီနေ့ ဇူလိုင် ၃၁ ရက်နေ့ မနက်ပိုင်းမှာ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းဝေး ပြုလုပ်ပြီး အရေးပေါ်အခြေအနေ ကြေညာတာကို ရုပ်သိမ်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီကို ဖျက်သိမ်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့အသစ်နဲ့ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်တို့ကို ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013