DVB Logo
Home
မြန်မာသတင်း
ပန်းတနော်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူငယ်များကို လိမ်ညာစည်းရုံးပြီး စစ်မှုထမ်းခိုင်း
DVB
·
July 31, 2025
ပန်းတနော်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူငယ်များကို လိမ်ညာစည်းရုံးပြီး စစ်မှုထမ်းခိုင်း
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၊ မြို့ကွက်သစ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက အရပ်သားလူငယ်တွေကို အလုပ်ရမယ်လို့ လိမ်လည်စည်းရုံးခေါ်ယူကာ စစ်မှုထမ်းခိုင်းဖို့  ရောင်းစားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီခန့် ပန်းတနော်မြို့နယ်ထဲက မြို့ကွက်သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ခင်ကြီး (ခ) ခင်မောင်ကြည်နဲ့ ရာအိမ်မှူး ကျော်ဇေယျာထွန်း တို့ပေါင်းပြီး လူငယ်တွေကို အလုပ်ပေးမယ်လို့ လိမ်လည်ခေါ်ယူပြီး စစ်မှုထမ်းအတွက် ရောင်းစားနေတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “တပ်နဲ့ပေါင်းပြီး ရောင်းစားနေတာ။ ဘာမှမသိတဲ့ အရပ်သားတွေကို အလုပ်ရမယ်လို့ မက်လုံးပေး လိမ်ခေါ်ပြီး စစ်မှုထမ်းအတွက် တပ်နဲ့ပေါင်းပြီး ရောင်းစားနေတာ။ သူတို့က အုပ်ချုပ်တဲ့ ဂုဏ်သရေရှိ အုပ်ချုပ်ရေးမှူး မဟုတ်ဘူး။ လူပွဲစားတွေလေ။ ငြင်းဆန်ခွင့်လည်း မရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်က စစ်ကောင်စီတပ် ပေါင်းပြီး ဇူလိုင် ၁ ရက်ကနေ ၃၀ ရက်အထိ လူငယ်တွေကို ဖမ်းဆီးကာ စစ်မှုထမ်း လူရောင်းစားတာ ၃ ယောက်အထိရှိပြီလို့ သိရပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ နီးစပ်သူက “စစ်မှုထမ်းအတွက် ဝယ်တဲ့ဒေသဘက်ကို ရောင်းစားသလို တပ်ကချိတ်ပေးတဲ့ ငွေကြေးပြည့်စုံသူတွေ၊ သူဌေးတွေရဲ့ သားတွေအတွက် ဝယ်ယူသူတွေဆီကို ရောင်းစားနေတာ။ သူတို့လုပ်လို့ သေဆုံးရသူတွေလည်း မနည်းတော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ခင်မောင်ကြည်တို့ ပေါင်းပြီး ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လအတွင်း အဓမ္မ ဖမ်းဆီး စစ်မှုထမ်း လူစားထိုးခဲ့တဲ့ အရပ်သားလူငယ် ၅ ယောက်ထဲက  ၃ ယောက်ဟာ တိုက်ပွဲမှာ သေဆုံးသွားပြီး ၂ ယောက်ဟာ တိုက်ပွဲကနေ ထွက်ပြေးသွားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ဒါ့အပြင် စစ်မှုထမ်းကိစ္စနဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီး ငွေညှစ်၊ လူစားထိုး၊ စစ်မှုထမ်း ထောက်ပံ့ကြေး အဆမတန်ကောက်၊ လူရောင်းစား စတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ အောက်ခြေအရပ်သားတွေက ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နိုင်ဝင်းကို တိုင်ကြားပေမဲ့ ပေါင်းလုပ်စားနေလို့ အကြောင်းမထူးဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013