DVB Logo
Home
နိုင်ငံတကာ
Tesla က တောင်ကိုရီးယားကုမ္ပဏီထံမှ ဒေါ်လာ ၄ ဘီလီယံကျော်ဖိုး ဘက်ထရီ ဝယ်ယူမည်
DVB
·
July 30, 2025
Tesla က တောင်ကိုရီးယားကုမ္ပဏီထံမှ ဒေါ်လာ ၄ ဘီလီယံကျော်ဖိုး ဘက်ထရီ ဝယ်ယူမည်
Donate to DVB

DVB

တရုတ်အပေါ် မှီခိုတာကို လျှော့ချဖို့ Tesla ကားကုမ္ပဏီဟာ တောင်ကိုရီးယားကုမ္ပဏီ LGES နဲ့ ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ ဘက်ထရီဝယ်ယူခြင်းစာချုပ် ချုပ်ဆိုခဲ့တယ်လို့ အတွင်းလူတယောက်ရဲ့ ပြောကြားချက်ကို ရိုက်တာက ဖော်ပြပါတယ်။

Tesla ရဲ့ လစ်သူယံအိုင်းယွန်းဖော့စဖိတ် LFP ဘက်ထရီတွေကို အမေရိကန် မစ်ချီဂန်ရှိ LGES စက်ရုံကနေ ပို့ပေးမှာဖြစ်ကာ ဒီသတင်းကို လူသိရှင်ကြား ထုတ်ကြေညာတာမျိုးမရှိလို့ အမည်မဖော်လိုတဲ့ အတွင်းလူတယောက်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

LGES ကတော့ ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ တန်ကြေးရှိတဲ့ စာချုပ်တခု လက်မှတ်ရေးထိုးခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ကြေညာထားပါတယ်။

အဲဒီကြေညာချက်ထဲမှာ ဝယ်ယူတဲ့ ကုမ္ပဏီအမည်ကို ထုတ်ပြောတာမျိုးမရှိဘဲ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာလို့ပဲ ဆိုထားပါတယ်။

LGES က “ကျနော်တို့ရဲ့ သဘောတူညီချက်အရ ကျနော်တို့ဟာ ကာစတန်မာ ဘယ်သူလဲဆိုတာကို ဖော်ပြခွင့်မရှိပါဘူး။ ဒါက တာဝန်အရပါ” လို့ ရိုက်တာကို ပြောပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး Tesla ကလည်း ချက်ချင်းမှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

Tesla ရဲ့ ဘဏ္ဘာရေးအကြီးအကဲ တာနီဂျာက အမေရိကန်ရဲ့ စည်းကြပ်ခွန်တွေက စွမ်းအင်သုံးစွဲတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်လို့ ဧပြီလကတည်းက ပြောဆိုထားပါတယ်။

အဲဒီအချိန်တုန်းက တရုတ်နိုင်ငံအခြေစိုက်မဟုတ်တဲ့ တခြားပစ္စည်းတင်သွင်းသူတခုနဲ့ အလုပ်လုပ်ရမှာဖြစ်ကြောင်းနဲ့ ဒီလိုလုပ်ဖို့ အချိန်ယူရမှာဖြစ်ကြောင်း တာနီဂျာက ပြောဆိုခဲ့တာပါ။

Tesla ဟာ တက္ကဆက်မှာရှိတဲ့ တောင်ကိုရီးယားကုမ္ပဏီ Samsung Electronic ဆီက ဒေါ်လာ ၁၆ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ ချစ်ပ်တွေ ဝယ်ယူမယ်လို့ ဒီတပတ်အတွင်း ကြေညာခဲ့ပါတယ်။

တောင်ကိုရီးယားရှိ ပို့ကုန်တွေကို ဩဂုတ် ၁ ရက်မှာ ၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့် သတ်မှတ်မှာဖြစ်လို့ တောင်ကိုရီးယားဝန်ကြီးအဆင့် အရာရှိ ၃ ယောက်နဲ့ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး လူနစ်တို့ ဝါရှင်တန်မှာ တွေ့ပြီး ကုန်သွယ်မှုအတွက် ဆွေးနွေးခဲ့တယ်လို့ တောင်ကိုရီးယားက ထုတ်ပြန်ထားပါတယ်။

LGES ဟာ LFP ဘက်ထရီထုတ်တဲ့ အမေရိကန်ထုတ်လုပ်သူတွေထဲက တခုဖြစ်ပြီး အမေရိကန်ရှိနေတဲ့ တရုတ်ရဲ့ပြိုင်ဘက် ဘက်ထရီကုမ္ပဏီ အနည်းငယ်ထဲက တခုဖြစ်ပါတယ်။

LGES ဘယ်ထရီတွေကို မစ်ချီဂန်ရှိ စက်ရုံကနေ မေလက စတင်ထုတ်လုပ်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013