DVB Logo
Home
မြန်မာသတင်း
ICJ တရားရုံး၌ မြန်မာနိုင်ငံအပေါ် တရားစွဲထားသည့်အမှု အိုင်ယာလန် အပါအဝင် ၄ နိုင်ငံကို ကြားဝင်ခွင့်ပြု 
DVB
·
July 30, 2025
ICJ တရားရုံး၌ မြန်မာနိုင်ငံအပေါ် တရားစွဲထားသည့်အမှု အိုင်ယာလန် အပါအဝင် ၄ နိုင်ငံကို ကြားဝင်ခွင့်ပြု 
Donate to DVB

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတဲ့ အမှုမှာ ဆလိုဗေးနီးယား၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဘယ်လ်ဂျီယံနဲ့ အိုင်ယာလန်နိုင်ငံတို့ကို ကြားဝင်ဆောင်ရွက်ခွင့်ပြုတယ်လို့ ICJ က ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

သူတို့ တင်ပြတဲ့ ဥပဒေပုဒ်မအရ ကြားဝင်စွက်ဖက်တဲ့ ကြေညာချက်ဟာ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ တားဆီးရေးနဲ့ ပြစ်ဒဏ်ဆိုင်ရာ သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်တွေနဲ့ ကိုက်ညီတာကြောင့် လက်ခံဖို့အတွက် တရားသူကြီးအားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တာလို့ ဆိုပါတယ်။

အဲဒီနိုင်ငံတွေရဲ့ လေ့လာတွေ့ရှိချက်တွေကို လာမယ့် စက်တင်ဘာ ၂၅ ရက်နေ့မှာ နောက်ဆုံးထားပြီး စာနဲ့တင်သွင်းဖို့ကိုလည်း တရားရုံးက ဆုံးဖြတ်ပါတယ်။

ရိုဟင်ဂျာလူနည်းစုတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက်  ၁၉၄၈ ဂျီနိုဆိုက်ကွန်ဗန်းရှင်းအရ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ တရားရုံးမှာ ၂၀၁၉ ခုနှစ်မှာ တရားစွဲဆိုထားတာပါ။

ပြီးခဲ့တဲ့ ၂၀၂၈ ခုနှစ်ကလည်း ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်နဲ့ မော်လ်ဒိုက်နိုင်ငံတို့က မြန်မာအမှုမှာ ကြားဝင်ဆောင်ရွက်ခွင့်ပြုဖို့ ပူးတွဲလျှောက်ထားခဲ့ပြီး တရားရုံးက ခွင့်ပြုပေးခဲ့တာကြောင့် မြန်မာကို တရားစွဲဆိုထားတဲ့အမှုမှာ ဂမ်ဘီယာနိုင်ငံဘက်က ရပ်တည်တဲ့နိုင်ငံ ၁၁ နိုင်ငံအထိ ရှိလာပြီဖြစ်ပါတယ်။

အိုင်ယာလန် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ မိုက်ကယ် မာတင် ကတော့ လူမျိုးတုံးသတ်ဖြတ်မှု မြောက်စေတဲ့ နိုင်ငံတနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ရုံးတော်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ခြုံငုံသုံးသပ်သွားဖို့ ICJ တရားရုံးကို အိုင်ယာလန်နိုင်ငံက တောင်းဆိုသွားမယ်လို့ ပြောဆိုထားပါတယ်။

အိုင်ယာလန်အနေနဲ့ မြန်မာအမှုအပြင် ဂါဇာမှာ လူပေါင်းများစွာ သေဆုံးစေခဲ့ပြီး လူပေါင်းသန်းချီ နေရပ်စွန့်ခွာခဲ့ရတဲ့ အစ္စရေးရဲ့ စစ်ရေးဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ဂျီနိုဆိုက် ကွန်ဗန်းရှင်းအရ တောင်အာဖရိကနိုင်ငံက အစ္စရေးနိုင်ငံကို တရားစွဲဆိုထားတဲ့ အမှုမှာလည်း ကြားဝင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက်တွေ၊ တရားစွဲဆိုမှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်မှာရော မြန်မာစစ်တပ်ဘက်ကရော ငြင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013