DVB Logo
Home
အားကစား
ဆန်ချိုကို တတိယအကြိမ်မြောက် ပြန်လည်ခေါ်ယူရန် ဒေါ့မွန် ကြိုးပမ်း
DVB
·
July 29, 2025
ဆန်ချိုကို တတိယအကြိမ်မြောက် ပြန်လည်ခေါ်ယူရန် ဒေါ့မွန် ကြိုးပမ်း
Donate to DVB

ဂျာမန်ကလပ် ဒေါ့မွန်အသင်းဟာ မန်ယူမှာ အဆင်မပြေဖြစ်နေတဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို တတိယအကြိမ်မြောက် ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

ဆန်ချိုဟာ မနှစ်က ချဲလ်ဆီးအသင်းဆီ အငှားထွက်ကစားခဲ့ရာမှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့ပေမဲ့ မန်ယူအသင်းဆီ ပြန်လည်စေလွှတ်ခံခဲ့ရသူပါ။

လက်ရှိအချိန်မှာ မန်ယူအသင်းနဲ့လည်း လေ့ကျင့်ခွင့်မရတဲ့ ဆန်ချိုဟာ တယောက်တည်း လေ့ကျင့်ခန်းတွေသာ ပြုလုပ်နေရပြီး အသင်းသစ်ရှာဖွေနေတာပါ။

ဒေါ့မွန်ဟာ ဆန်ချိုနဲ့ မန်ယူအသင်းရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး သင့်တော်တဲ့ ကမ်းလှမ်းမှုတခုနဲ့အတူ တတိယအကြိမ်မြောက် ခေါ်ယူသွားဖို့ စီစဉ်ထားတာပါ။

ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ၂၀၁၇ ခုနှစ်က မန်စီးတီးကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ အငှားစာချုပ်နဲ့ ဒုတိယအကြိမ် ခေါ်ယူခဲ့သလို လက်ရှိအချိန်မှာ တတိယအကြိမ်မြောက် ခေါ်ယူသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013