
ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အမျိုးသမီးအသင်းက ၂ ကြိမ်ဆက်တိုက် ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပါတယ်။
ဇူလိုင် ၂၇ ရက်က ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ ဗိုလ်လုပွဲစဉ်မှာ အင်္ဂလန်နဲ့ စပိန်တို့ တွေ့ဆုံခဲ့ပြီး ပွဲချိန်အတွင်းနဲ့ အချိန်ပိုပြီးတဲ့အထိ တဂိုးစီ သရေကျခဲ့တာပါ။
ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာ အင်္ဂလန်ဂိုးသမား မယ်ရီအတ်စ် လက်စွမ်းပြခဲ့ပြီး အင်္ဂလန်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
အဆုံးအဖြတ်ပင်နယ်ဆီကို ၂၀၂၂ ဗိုလ်လုပွဲမှာ အနိုင်ဂိုးသွင်းခဲ့သူ ကယ်လီကပဲ ကန်သွင်းယူခဲ့တာပါ။
၁၉၈၂ ခုနှစ်က စတင်ခဲ့တဲ့ ယူရိုအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲမှာ ဂျာမနီအသင်းက ချန်ပီယံ ၈ ကြိမ်နဲ့ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ၂ ကြိမ်မြောက် ရယူနိုင်ခဲ့တဲ့ အင်္ဂလန်အသင်းက နော်ဝေနဲ့အတူ ဒုတိယ အအောင်မြင်ဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။
စပိန်အမျိုးသမီးအသင်းအတွက်တော့ ပထမဆုံးအကြိမ် ယူရိုချန်ပီယံဆုဖလား ရယူနိုင်မယ့် အခွင့်အရေး လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။










