DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်တွင် ပစ္စည်းများခိုးယူလက်ခံသူ ၂၉ ဦးကို AA ဖမ်းဆီး
DVB
·
July 26, 2025
တောင်ကုတ်တွင် ပစ္စည်းများခိုးယူလက်ခံသူ ၂၉ ဦးကို AA ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ လူမရှိတဲ့အိမ်တွေကပစ္စည်းတွေ ခိုးယူခဲ့ကြသူ ၂၃ ယောက်နဲ့ ပစ္စည်းလက်ခံသူ ၆ ယောက်ကို ဇူလိုင်လအတွင်းမှာ အာရက္ခတပ်တော် AA ရဲ့ ရဲတပ်ဖွဲ့ DLEPS က ဖမ်းဆီးရမိခဲ့တယ်လို့ တောင်ကုတ်ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

တိုက်ပွဲကာလစစ်ဘေးတိမ်းရှောင်နေကြတဲ့ တောင်ကုတ်မြို့အတွင်းနေအိမ်တွေကနေ တန်းဖိုးရှိပစ္စည်းတွေ၊ လူအသုံးအဆောင်ပစ္စည်းတွေကို ဂိုဏ်းဖွဲ့ပြီး ခိုးယူနေကြသူတွေနဲ့ ပစ္စည်းတွေကို လက်ခံဝယ်ယူနေကြသူတွေကိုပါ ရဲတပ်ဖွဲ့ကစစ်ဆေးဖော်ထုတ် အရေးယူခဲ့တာဖြစ်တယ်လို့ တောင်ကုတ်မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“တောင်ကုတ်မှာက မြို့သိမ်းတိုက်ပွဲဖြစ်ကတည်းက ပြည်မဘက်ကို စစ်ဘေး တိမ်းရှောင်နေကြသူတွေရှိကြတယ်။ သူတို့က နေရပ်မပြန်ကြသေးဘူး။ တချို့ကြတော့လည် လေကြောင်းအန္တရာယ်စိုးရိမ်လို့ မြို့ထဲမှာမနေကြသေးဘူး။ အဲဒီလို လူမရှိတဲ့ အိမ်တွေကနေ တန်ဖိုးရှိတဲ့ ပစ္စည်းရော၊ လူသုံးကုန်ပစ္စည်းတွေကို အကုန်လုံးကို ခိုးယူနေတဲ့သူခိုးတွေရှိကြတယ်။ သူတို့က အုပ်စုလိုက် ဂိုဏ်းတွေဖွဲ့ပြီးခိုးကြတာ။ သူတို့ခိုးလာတဲ့ ပစ္စည်းတွေကို လက်ခံဝယ်ယူကြသူတွေလည်းရှိပြီးတော့ အဲဒီပစ္စည်းတွေကို တခြားမြို့နယ်တွေကို ရောင်းကြတာရှိတယ်။ အဲဒီ ဂိုဏ်းလို့ပြောရမယ့် သူခိုးအုပ်စုနဲ့ ပစ္စည်းလက်ခံသူ စုစုပေါင်း ၂၉ ယောက်ကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားတယ်လို့တော့ ကြားရတယ်” လို့ပြောပါတယ်။

ပစ္စည်းခိုးသူ ၂၃ ကို ရဲတပ်ဖွဲ့ဝင်တွေက ညကင်းလှည့်နေချိန်မှာ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတာဖြစ်ပြီး သူတို့စစ်ဆေးရာကနေ ခိုးရာပါပစ္စည်းတွေကို လက်ခံဝယ်ယူနေတဲ့ ၆ ယောက်ကိုပါ ကွင်းဆက်ဖမ်းဆီးနိုင်ခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပစ္စည်းခိုးယူသူတွေဟာ တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ ကံပိုင်ရပ်ကွက်နဲ့ ဝဲကြီးကျေးရွာတို့က အသက် ၁၆ နှစ် အရွယ်ကနေ အသက် ၄၀ နှစ်အတွင်း အမျိုးသား ၂၃ ယောက်နဲ့ ခိုးရာပါပစ္စည်းလက်ခံသူတွေကတော့ သိမ်တောင်ရပ်ကွက်နဲ့ ဂူတာရပ်ကွက်တို့က အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၄ ယောက်တို့ဖြစ်ကြပြီး သူတို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၈ နဲ့ အရေးယူထားတယ်လို့လည်း သိရပါတယ်။

တောင်ကုတ်မြို့နယ်ကို AA က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေး ယန္တရားတွေကို ဖော်ဆောင်နေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ မြို့နယ်တွေနဲ့ AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အုပ်စုဖွဲ့ခိုးယူတာတွေရှိနေကြပြီး AA ထိန်းချုပ်မြို့နယ်တွေမှာတော့ အရေးယူတာတွေလုပ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013