DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်တွင် Starlink အင်တာနက်ဝန်ဆောင်မှု ပြတ်တောက်
DVB
·
July 25, 2025
ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်တွင် Starlink အင်တာနက်ဝန်ဆောင်မှု ပြတ်တောက်
Donate to DVB

SpaceX ကုမ္ပဏီရဲ့ Starlink ဂြိုဟ်တုဝန်ဆောင်မှုဟာ နိုင်ငံတကာမှာ အကြီးမားဆုံးချို့ယွင်းမှုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် သောင်းနဲ့ချီတဲ့သုံးစွဲသူတွေရဲ့ အင်တာနက် ပြတ်တောက်သွားခဲ့ပါတယ်။

ဇူလိုင် ၂၄ ရက်မှာ အချိန်   ၂ နာရီခွဲလောက် ကြာမြင့်ခဲ့တဲ့ ပြတ်တောက်မှုကြောင့် SpaceX ရဲ့ စီအီးအို အီလွန်မက်စ် အပါအဝင် အမှုဆောင် အရာရှိတွေပါ တောင်းပန်ခဲ့ကြပါတယ်။

ကမ္ဘာတဝန်းက နိုင်ငံနဲ့နယ်မြေ ၁၄၀ ကျော်မှာ Starlink သုံးစွဲသူပေါင်း ၆ သန်းနဲ့အထက် ရှိပြီး အင်တာနက်အသုံးပြုသူ ၆၁,၀၀၀ ဟာ ချို့ယွင်းမှုဖြစ်ပေါ်နေတာကို တိုင်ကြားခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် Starlink ဟာ SpaceX ကုမ္ပဏီရဲ့ စီးပွားအရ အရေးပါဆုံးလုပ်ငန်းကြီးဖြစ်တဲ့ အလျောက် အခုလိုမျိုး ယာယီပြသာနာ တခုအပေါ်မှာ အလေးအနက်ထား ဖြေရှင်းနေကြတာပါ။

ဒါဟာ Software Update အမှားအယွင်းကြောင့်လား ဒါမှမဟုတ် ဆိုက်ဘာတိုက်ခိုက်မှု တခုပဲလားဆိုပြီး အမျိုးအမျိုး မှန်းဆနေကြပါတယ်။

အဲဒီနောက် အမေရိကန်အရှေ့ဘက် ကမ်းရိုးတန်းကနေစပြီး မွန်းလွဲ ၃ နာရီဝန်းကျင်မှာ အင်တာနက်ပြတ်တောက်မှုကို ကြုံတွေ့ခဲ့ရတာဖြစ်ကြောင်း Downdetector ဝက်ဘ်ဆိုဒ်အရ သိရပါတယ်။

Starlink ရဲ့ ဒု-ဥက္ကဋ္ဌ မိုက်ကယ် နစ်ကိုးလ်စ်က “ဒီပြတ်တောက်မှုဟာ ပင်မကွန်ရက်လည်ပတ်ရာမှာ အဓိကကျတဲ့ အတွင်းပိုင်း ဆော့ဖ်ဝဲလ် ဝန်ဆောင်မှု အလုပ်မလုပ်ဘဲ ချို့ယွင်းခဲ့တာကြောင့်ပါ”လို့  ကိုယ်တိုင် ရှင်းပြပါတယ်။

အဲဒီနောက် SpaceX တည်ထောင်သူ အီလွန်မက်စ်ကလည်း " အင်တာနက် ပြတ်တောက်မှုအတွက် တောင်းပန်ပါတယ်၊ ဒါမျိုး နောက်ထပ်မဖြစ်အောင် သေချာစေဖို့အတွက် အရင်းအမြစ်ကိုရှာဖွေပြီး ပြင်ဆင်သွားမှာပါ"လို့ သူပိုင်တဲ့ X လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

၂၀၂၀ ပြည့်နှစ်ကစလို့  SpaceX ဟာ Starlink ဂြိုဟ်တုပေါင်း ၈,၀၀၀ ကျော်ကို လွှတ်တင်ထားခဲ့ပြီး စစ်တပ်နဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အပါအဝင် အင်တာနက်အခက်အခဲရှိတဲ့ ကျေးလက်ဒေသတွေမှာ အဓိကအသုံးပြုနေကြတာပါ။

တချိန်တည်းမှာပဲ တရုတ်နိုင်ငံဘက်က SpaceX ရဲ့ ဖြန့်ကြက်နိုင်စွမ်းကို စစ်ရေးအရခြိမ်းခြောက်မှု တခုအဖြစ် ရှုမြင်ထားတဲ့အလျောက် အမျိုးသားရေး ဦးစားပေးကိစ္စအနေနဲ့ အမီလိုက်နိုင်ဖို့ ကြိုးပမ်နေပါတယ်။

တရုတ်အာကာသ စီမံကိန်းဟာ တခြားအောင်မြင်မှုများစွာ ရရှိထားပေမဲ့ သူတို့ရဲ့  အကြီးမားဆုံးဂြိုဟ်တုကွန်ရက်တွေမှာတောင် အစင်းရေ ၁၂၄ လောက်ပဲ လွှတ်တင်နိုင်သေးတယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ တရုတ်ပြည်မကြီး ရည်မှန်းထားခဲ့တဲ့ ဂြိုဟ်တုအစင်းရေ ၃၀,၀၀၀ ရဲ့ ၁  ရာခိုင်နှုန်း အောက်သာရှိကြောင်း သိရပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013