DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင်  ပြည်သူလူထု နေအိမ် ၁၀၀ ကျော် ချိပ်ပိတ်သိမ်းဆည်းခံရ 
DVB
·
July 25, 2025
ဧရာဝတီတိုင်းတွင်  ပြည်သူလူထု နေအိမ် ၁၀၀ ကျော် ချိပ်ပိတ်သိမ်းဆည်းခံရ 
Donate to DVB

 

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၆ လအတွင်း စစ်ဘေးရှောင်တွေရဲ့ လူနေအိမ်တွေ အပါအဝင် ပြည်သူလူထုတွေရဲ့ နေအိမ်အလုံး ၁၀၀ ကျော်အထိ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတယ်လို့ ဒေသခံတွေ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

၂၀၂၅ ဇန်နဝါရီကနေ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းအထိ ၆ လအတွင်း ဧရာဝတီတိုင်းမှာ နေအိမ် ၁၀၀ ကျော်အထိ ချိပ်ပိတ်သိမ်းဆည်းခံရပြီး စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းတွေက ချိပ်ပိတ် သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ် ၁၀၀ ကျော်ထဲမှာ စစ်ဘေးရှောင်လို့ ချိပ်ပိတ်ခံရတဲ့ အရပ်သားတွေရဲ့ နေအိမ်တွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။ 

စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တယောက်က “လတ်တလောအနေနဲ့ စစ်ဘေးမရှောင်ဖို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက တားမြစ်ထားတာကို စစ်ဘေးရှောင်မိတဲ့ အရပ်သားတွေရဲ့ အိမ်တွေပါ ချိပ်ပိတ်ခံရတာပါ။ တချို့အိမ်တွေကတော့ တရားမဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ဆိုပြီး ဥပဒေနဲ့အညီ ချိပ်ပိတ်တာဆိုပြီး ချိပ်ပိတ်တာပဲ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၆ လအတွင်း အရပ်သားတွေရဲ့ နေအိမ်တွေကို ဒေသမှာရှိနေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက ကွင်းဆင်းပြီး အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်ပတ်သက်တာကြောင့်လို့ဆိုပြီး ချိပ်ပိတ် သိမ်းဆည်းကြောင်း ဗီနိုင်းတွေ၊ စာတွေ ကပ်ချိပ်ပိတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီ တိုင်းစစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ  တယောက်က“လေးမျက်နှာနဲ့ ရေကြည်ဘက်ကနေ ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ အိမ်တွေ တော်တော်များများ ပါခဲ့တယ်။ ပြီးခဲ့တဲ့တလအတွင်း ၁၁ လုံးလောက် ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရပါတယ်။ အိမ်ရော ခြံပါ ချိပ်ပိတ် သိမ်းဆည်းတာလို့ သိရပါတယ်”လို့ ပြောပါတယ်။ 

အဲဒီ နေအိမ်ချိပ်ပိတ်ခံထားရတဲ့ အများစုဟာ အကြမ်းဖက်ဥပဒေပုဒ်မ၊ မတရားအသင်း ဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်အညိုပျက်စေမှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရသူတွေ ပါဝင်ပြီး ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်ခံထားရခြင်း မရှိသေးတဲ့သူတွေလည်း ပါဝင်တယ်လို့ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၆ လအတွင်း ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ လူနေအိမ် အလုံး ၁၀၀ ကျော်ဟာ ရေကြည်၊ ကြံခင်၊ မအူပင်၊ အသုတ်၊ ငါးသိုင်းချောင်း၊ အင်္ဂပူ၊ လေးမျက်နှာ၊ ဟင်္သာတ၊ သာပေါင်း စတဲ့မြို့နယ်တွေက နေအိမ်တွေ အများဆုံး ပါဝင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013