DVB Logo
Home
အားကစား
စပိန်အမျိုးသမီးအသင်း ပထမဆုံးအကြိမ် ဥရောပ ဗိုလ်လုပွဲတက်
DVB
·
July 24, 2025
စပိန်အမျိုးသမီးအသင်း ပထမဆုံးအကြိမ် ဥရောပ ဗိုလ်လုပွဲတက်
Donate to DVB

ဒီမနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ယူရို ၂၀၂၅ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ စပိန်အမျိုးသမီး ဘောလုံးအသင်းက ပြိုင်ပွဲသက်တမ်းတလျှောက် အအောင်မြင်ဆုံးဖြစ်တဲ့ ဂျာမဏီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်သွားပါတယ်။ 

မိနစ် ၉၀ အထိ ဂိုးမရှိ သရေကျနေတဲ့အတွက် အချိန်ပိုကစားခဲ့ရပြီး အချိန်ပို ဒုတိယပိုင်းမှာမှ စပိန်ကစားသမား ဘွန်မာတီက အသင်းအတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာပါ။ 

ဒါကြောင့် စပိန်ဟာ နှစ် ၄၀ ကျော် သက်တမ်းရှိတဲ့ ဥရောပ အမျိုးသမီးဘောလုံးပြိုင်ပွဲ သက်တမ်း တလျှောက်မှာ ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်ခဲ့တာဖြစ်ပါတယ်။ ဇူလိုင် ၂၇ ရက်မှာ ကျင်းပမယ့် ဗိုလ်လုပွဲမှာတော့ လက်ရှိချံပီယံ အင်္ဂလန်အသင်းနဲ့ တွေ့မှာဖြစ်ပါတယ်။ 

Photo - UEFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013