DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ် ဖိအားကြောင့် အမေရိကန်ကိုကာကိုလာ ကို  ကြံသကြားဖြင့် ထုတ်လုပ်မည်
DVB
·
July 23, 2025
ထရမ့်ပ် ဖိအားကြောင့် အမေရိကန်ကိုကာကိုလာ ကို  ကြံသကြားဖြင့် ထုတ်လုပ်မည်
Donate to DVB

DVB

သမ္မတ ဒေါ်နယ်ထရမ့်ပ် ဖိအားပေးခဲ့တဲ့အတိုင်း အမေရိကန်မှာ ထုတ်လုပ်တဲ့ ကိုကာကိုလာ အချိုရည်တွေထဲမှာ ကြံသကြားနဲ့ ထုတ်လုပ်တဲ့ အမျိုးအစားသစ်ကို မိတ်ဆက်မှာဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ကမ္ဘာအနှံ့က နိုင်ငံအများအပြားမှာ ကိုကာကိုလာအတွက် ကြံကထုတ်တဲ့ သကြားကို ပုံမှန်သုံးနေခဲ့တာ ကြာပြီဖြစ်ပေမဲ့ အမေရိကန်မှာတော့ ကုန်ကျစရိတ်ပိုနည်းတဲ့ ပြောင်း သကာရည် ကို ဆယ်စုနှစ်များစွာ သုံးစွဲခဲ့တာဖြစ်ပါတယ်။

ပြောင်းသကာရည်ရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုကို ပူပန်မိတယ်လို့ အမေရိကန်ကျန်းမာရေးဝန်ကြီး ရောဘတ်ကနေဒီဂျူနီယာက ပြောထားပါတယ်။

ဒါပေမဲ့ ပညာရှင်တွေကတော့ ကြံကထုတ်တဲ့ သကြားရော၊ ပြောင်းကထုတ်တဲ့ သကာရည်ရော ကျန်းမာရေးအတွက် မကောင်းဘူးလို့ သုံးသပ်ကြပါတယ်။

ဇူလိုင် ၂၂ ရက်နေ့  ထွက်ရှိတဲ့ သုံးလပတ် အစီရင်ခံစာမှာ ကုမ္ပဏီက လာမယ့် ဆောင်းဦးရာသီကျရင် အမေရိကန်မှာ ကြံသကြားနဲ့ ထုတ်လုပ်တဲ့ အမျိုးအစားကို ရှိပြီးသား အမျိုးအစားတွေနဲ့အတူ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ကိုကာကိုလာဟာ သူတိုက်တွန်းခဲ့တဲ့အတွက် တကယ့် သကြားအစစ်သုံးဖို့ သဘောတူလိုက်ပြီလို့ ထရမ့်ပ်က ပြီးခဲ့တဲ့အပတ်က သူပိုင်တဲ့ လူမှုကွန်ရက်  Truth Social မှာရေးသားခဲ့ပါတယ်။

ဖန်ပုလင်းနဲ့ လာတဲ့ သကြားနဲ့ထုတ်တဲ့   မက္ကဆီကို ကုတ်ခ်လို့ ထင်ရှားတဲ့ ပြည်ပက တင်သွင်းတဲ့ ကိုကာကိုလာကို စျေးကြီးပေးပြီး အမေရိကန်မှာ သောက်သုံးသူတွေ အရင်ကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013