DVB Logo
Home
မြန်မာသတင်း
ကိုကာကိုလာစက်ရုံ အလုပ်သမားများ အလုပ်ထုတ်ခံရသည့်ကိစ္စ ထပ်မံညှိနှိုင်းမည်
DVB
·
February 15, 2018
ကိုကာကိုလာစက်ရုံ အလုပ်သမားများ အလုပ်ထုတ်ခံရသည့်ကိစ္စ ထပ်မံညှိနှိုင်းမည်
Donate to DVB

ကိုကာကိုလာ အချိုရည်စက်ရုံက အလုပ်သမားတွေ အလုပ်ထုတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မှော်ဘီမြို့နယ် အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးမှာ တွေ့ဆုံညှိနှိုင်းသွားမယ်လို့ ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဝင် ဦးရဲဝင်းထွန်းက ပြောပါတယ်။

ကိုကာကိုလာ အချိုရည်စက်ရုံ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ တာဝန်ထမ်းဆောင်နေတဲ့ အလုပ်သမားအားလုံးကို အလုပ်ကနေ ရုတ်တရက် ရပ်စဲလိုက်တယ်လို့ ဖေဖော်ဝါရီ ၁၃ ရက်က စက်ရုံတာဝန်ရှိသူတွေက တွေ့ဆုံပြောကြားပြီးနောက် အခုလို အငြင်းပွားမှုတွေ ဖြစ်လာတာပါ။

ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဝင် ဦးရဲဝင်းထွန်းက “ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ နှစ်ဖက် ထပ်မံတွေ့ဆုံ ညှိနှိုင်းပေးသွားမှာပါ။ ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ဆုံညှိနှိုင်းမှုမှာ အဖြေမရတဲ့အတွက် အလုပ်သမားတွေဘက်က ကိုယ် လိုချင်တာကို သေသေချာချာ ဆွေးနွေးပေးဖို့ ဆွေးနွေးထားကြပါတယ်”လို့ ဆိုပါတယ်။

မှော်ဘီမြို့နယ်မှာ စက်ရုံဖွင့်လှစ်ထားတဲ့ Coca-Cola Pinya Beverages Myanmar (CCPBM) အနေနဲ့ ကုန်ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းစဉ်ကို ပြင်ပက ကျွမ်းကျင်ကုမ္ပဏီတွေကို ပြောင်းလဲအပ်နှံ တာဝန်ပေးအပ်မှာဖြစ်လို့ လက်ရှိကုမ္ပဏီက ကုန်ပစ္စည်းပို့ဆောင်ရေးအပိုင်းမှာ တာဝန်ယူထားကြသူတွေကို အပြောင်းအလဲလုပ်တာ ဖြစ်ပါတယ်။

ဒီဝန်ထမ်းတွေကို CCPBM ဒါမမဟုတ် ပြောင်းလဲတာဝန်ပေးမယ့် ပြင်ပကုမ္ပဏီမှာ လုပ်ငန်းတာဝန် ပြောင်းလဲထမ်းဆောင်နိုင်ဖို့ ညှိနှိုင်းနေတယ်လို့ CCPBM ကုမ္ပဏီက သိရပါတယ်။

CCPBM မှာ သင့်လျော်တဲ့ လုပ်ငန်းနေရာ မရှိရင် ပြည်တွင်းဥပဒေနဲ့အညီ လုပ်သက်အလိုက် နစ်နာကြေး ပေးအပ်သွားမှာဖြစ်ပြီး အခုပြောင်းလဲမှုကို တလကြိုတင် အသိပေးပြီး နောက်လအတွက်လည်း လစာပေးအပ်သွားမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

CCPBM ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ၂၀၁၃ ခုနှစ် ဇွန်လက လုပ်ငန်းစတင်ခဲ့ပြီး ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ လောက် ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013