DVB Logo
Home
မြန်မာသတင်း
ကိုကာကိုလာအချိုရည်စက်ရုံ အလုပ်သမား ၂၀၀ ကျော်ရုတ်တရက်အလုပ်ထုတ်ခံရ
DVB
·
February 14, 2018
ကိုကာကိုလာအချိုရည်စက်ရုံ အလုပ်သမား ၂၀၀ ကျော်ရုတ်တရက်အလုပ်ထုတ်ခံရ
1 / 2
Donate to DVB

 

ရန်ကုန်မြို့ မှော်ဘီမြို့နယ်မှာဖွင့်လှစ်ထားတဲ့ ကိုကာကိုလာ အချိုရည်စက်ရုံမှာ အလုပ်သမား ၂၀၀ လောက်ကို လျော်ကြေးပေးပြီး အလုပ်ကထုတ်လိုက်တဲ့အပေါ် အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။

စက်ရုံရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတခုလုံး တခြားကုမ္ပဏီကို လွှဲပြောင်းလုပ်ကိုင်မှာ ဖြစ်တဲ့အတွက် လက်ရှိဌာနမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား၂၀၀ ကို အလုပ်က နေရပ်စဲကြောင်း ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အလုပ်ရှင်က ခေါ်ယူပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အလုပ်ရပ်စဲခံရတဲ့ ယာဉ်မောင်းတဦးက “ကျနော်တို့ကို ကြိုတင်ညှိနှိုင်းဆွေးနွေးတာ ဘာမှ မရှိဘူး။ မနေ့ကမှ လျော်ကြေးပေးမယ်၊ ရပ်မယ်ဆိုပြီး ခေါ်ပြောတယ်။ ဒါကို ကျနော်တို့ လုံးဝ လက်မခံနိုင်ဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီဖြစ်စဉ်ကို မြို့နယ် အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးမှာ ဆက်လက်ညှိနှိုင်းသွားမယ်လို့ သိရပါတယ်။

မှော်ဘီမြို့နယ် အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင် ဦးရဲဝင်းထွန်းက “အလုပ်ရပ်စဲတဲ့ အပိုင်းမှာ ဥပဒေအရ လိုအပ်ချက်တွေကတော့ ရှိတယ်။ ဥပမာ မြို့နယ်အလုပ်သမားရုံးကို တလ ကြိုတင်အကြောင်းကြားရမယ်။ ခုလို ရာနဲ့ချီ ဖြုတ်မယ်ဆို တိုင်းအဆင့် အလုပ်သမားရုံးကို တင်ရမယ်။ ကျနော်တို့အနေနဲ့ကတော့ အလုပ်သမားတွေရဲ့ လိုအပ်ချက် တောင်းဆိုချက်ကို ဥပဒေနဲ့အညီ ညှိနှိုင်းပေးသွားမှာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013