DVB Logo
Home
အားကစား
အင်္ဂလန်အမျိုးသမီးအသင်း နောက်ကျဂိုးဖြင့် ဗိုလ်လုပွဲတက်
DVB
·
July 23, 2025
အင်္ဂလန်အမျိုးသမီးအသင်း နောက်ကျဂိုးဖြင့် ဗိုလ်လုပွဲတက်
Donate to DVB

ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ ယူရို ၂၀၂၅ အမျိုးသမီးဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းက အီတလီအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်သွားပါတယ်။ 

ပွဲချိန် ၃၃ မိနစ်မှာ အီတလီအသင်းက ဦးဆောင်ဂိုးသွင်းပြီး တပွဲလုံးဦးဆောင်ခဲ့ပေမဲ့ ဒုတိယပိုင်း ပွဲချိန်စေ့ခါနီး နာကျင်အချိန်ပို ၉၆ မိနစ်မှာမှ အင်္ဂလန် တိုက်စစ်မှူး မီရှဲလ်က ချေပဂိုးသွင်းခဲ့တာပါ။

အဲဒီနောက် အချိန်ပိုဆက်ကစားခဲ့ပြီး အချိန်ပိုဒုတိယပိုင်းပြီးခါနီး ၁၁၉ မိနစ် အရောက်မှာတော့ အင်္ဂလန်အသင်း ကစားသမား ကယ်လီက အနိုင်ဂိုးသွင်းပြီး ဗိုလ်လုပွဲကို တက်သွားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ မနက်ဖြန်ကစားမယ့် စပိန်နဲ့ ဂျာမနီအသင်းက အနိုင်ရတဲ့အသင်းနဲ့ ဇူလိုင် ၂၇ ရက်နေ့ ဗိုလ်လုပွဲကစားရမှာ ဖြစ်ပါတယ်။ 

Photo: UEFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013