DVB Logo
Home
အားကစား
အမ်ဘူမိုနှင့် မန်ယူအသင်း တရားဝင်စာချုပ် ချုပ်ဆို
DVB
·
July 22, 2025
အမ်ဘူမိုနှင့် မန်ယူအသင်း တရားဝင်စာချုပ် ချုပ်ဆို
Donate to DVB

တိုက်စစ်မှူးအသစ် အမ်ဘူမိုကို ၂၀၃၀ ပြည့်နှစ် အထိ သက်တမ်းရှိတဲ့ တရားဝင်စာချုပ် ချုပ်ဆိုလိုက်တဲ့အကြောင်း မန်ချက်စတာယူနိုက်တက်အသင်းက ဇူလိုင် ၂၂ ရက် မနက်အစောပိုင်းက ထုတ်ပြန်ပါတယ်။

အမ်ဘူမိုဟာ မန်ယူအသင်းမှာ ကျောနံပါတ် ၁၉ ဂျာစီကို ဝတ်ပြီး ကစားမှာပါ။ မန်ယူအသင်းဟာ အမ်ဘူမိုအတွက် ဘရန်းဖို့ဒ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းနဲ့ အပိုကြေး ၆ သန်းကို လေးခါခွဲပြီး ပေးချေရမှာပါ။ 

ယူနိုက်တက်ဟာ သူ့အိပ်မက်ထဲက အသင်းဖြစ်ပြီး အဲဒီကို ပြောင်းဖို့ အခွင့်အလမ်းရှိတယ်လို့ သိရကတည်းက အဲဒီအသင်းနဲ့ စာချုပ်ချုပ်ဖို့ပဲ သူဆုံးဖြတ်ထားခဲ့တာလို့ အမ်ဘူမိုက ဆိုပါတယ်။

ကင်မရွန်း လက်ရွေးစင် အမ်ဘူမိုဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ဘရန်းဖို့ဒ်အတွက် ၃၈ ပွဲကစားပြီး ဂိုး ၂၀ သွင်းယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013