DVB Logo
Home
မြန်မာသတင်း
ပခုက္ကူခရိုင် ပကဖ လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ တပ်ခွဲ ၃ စခန်း စီးနင်းခံရ
DVB
·
July 20, 2025
ပခုက္ကူခရိုင် ပကဖ လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ တပ်ခွဲ ၃ စခန်း စီးနင်းခံရ
Donate to DVB

မကွေးတိုင်း ပခုက္ကူခရိုင် ပကဖ လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ တပ်ခွဲ ၃ စခန်း ဇူလိုင် ၁၉ ရက် မနက် ၁၁ နာရီမှာ ဝင်ရောက်စီးနင်းခံရပြီး တိုက်ပွဲဖြစ်ပွားတယ်လို့ ပခုက္ကူခရိုင် ပကဖဆီက သိရပါတယ်။

အဲဒီတပ်ခွဲ ၃ စခန်းဟာ ပခုက္ကူမြို့က စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ၂၂ အနီးမှာရှိတာဖြစ်ပြီး စစ်ကောင်စီတပ်က အင်အား ၄၀ ကျော်နဲ့ ဝင်ရောက်စီးနင်းတာကြောင့် ၁၅ မီနစ်ကြာတိုက်ပွဲဖြစ်ပြီးနောက် တော်လှန်ရေးတပ်တွေ တပ်ဆုတ်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။

ပခုက္ကူခရိုင် ပကဖ လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့  တာဝန်ခံ ရဲဘော်ကိုညီက “သူတို့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး ဝင်လာတာ။ ဝင်လာတော့ ကျနော်တို့ ရဲဘော်တွေအနေနဲ့ ကာပစ် ပစ်ပြီး ပြန်ဆုတ်ရတာပေါ့၊ အင်အားချင်းလည်း မမျှဘူး။ အဲဒီနေရာက ရှေ့ကင်းစခန်းဖြစ်တဲ့အတွက် ရဲဘော် ၂၀၊ ၃၀ ဝန်းကျင်ပဲထားတာပေါ့” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတာကြောင့် စခန်းမှာရှိတဲ့ ဆိုင်ကယ်တွေ၊ ဖုန်း၊ ပါဝါဘဏ်၊ ကျည်၊ ခဲယမ်းနဲ့‌ ဖောက်ခွဲရေးပစ္စည်းတွေ၊ အီကွေ့မန့်၊ မှန်ဘီလူး စတဲ့ စစ်သုံးပစ္စည်းတွေ မီးရှို့ခံရတာလို့ ဆိုပါတယ်။

“ခရိုင်ပကဖရဲ့ တပ်ခွဲ ၃ က ကစပ ၂၂ နဲ့ အနီးဆုံးမှာ ထားတာဗျ။ သူတို့ရဲ့ ကင်းစခန်းကိုတောင် လှမ်းမြင်ရတဲ့နေရာ အနီးမှာ ထားတာဗျ။ ဘာလို့လဲဆိုတော့ ကျနော်တို့က ကပစ ကို ကပ်နိုင်သလောက် ကပ်ထားတာဗျ” လို့ ရဲဘော်ကိုညီက ပြောပါတယ်။

အခုလို တပ်ခွဲ ၃ စခန်း ဝင်စီးနင်းခံရတာကြောင့် ပြန်လည်ထူထောင်ပြင်ဆင်နိုင်ဖို့ ကူညီပေးကြဖို့လည်း ပခုက္ကူ ခရိုင် ပကဖ လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့က အကူအညီတောင်းထားတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲမှာ ကျနော်တို့ ရဲဘော်တွေ ထိခိုက်တာမရှိပါဘူး။ ပြီးခဲ့တဲ့ ၅ ရက်လောက်က မိုင်းဝင်ထောင်ရင်း ထိတွေ့မှု မိနစ် ၃၀ လောက်ဖြစ်တော့ ရဲဘော်တယောက် ကျည်ထိပါတယ်။ မစိုးရိမ်ရပါဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013