DVB Logo
Home
မြန်မာသတင်း
မြဝတီမှ မဲဆောက်ကို တရားမဝင်လာသည့် မြန်မာနိုင်ငံသား ၁၈ ဦး ဖမ်းဆီးခံရ
DVB
·
July 20, 2025
မြဝတီမှ မဲဆောက်ကို တရားမဝင်လာသည့် မြန်မာနိုင်ငံသား ၁၈ ဦး ဖမ်းဆီးခံရ
Donate to DVB

ကရင်ပြည်နယ် မြဝတီမြို့ဘက်ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို တရားမဝင် လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၈ ယောက် ဇူလိုင် ၁၉ ရက် မနက် ၃ နာရီလောက်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖုဖရာ့မြို့နယ် ဘန်ခွန်ဟွေချောင်ခပ်ကျေးရွာဘက်မှာ ကင်းလှည့်နေတဲ့ ထိုင်းတပ်ဖွဲ့ဝင်တွေဟာဟာ Toyota Hilux Revo ကုန်တင်ယာဉ်တစီးကို တားဆီးစစ်ဆေးရာက မြဝတီဘက်အခြမ်းကနေ သောင်းရင်းမြစ်ကို အထောက်ထားမဲ့ ဖြတ်ကျော်ဝင်ရောက်လာကြတဲ့ အမျိုးသား ၁၀ ယောက် နဲ့ အမျိုးသမီး ၈ ယောက်ကို ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “ထိုင်းနိုင်ငံသား မောင်းနှင်လာတဲ့ကားကို ထိုင်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာက ဖမ်းဆီးခံရတာ။ တဦးကို ဘတ် ၅၀၀ နဲ့ တင်ဆောင်လာတာ၊ လူ ၁၈ ယောက်ကို အငှားလိုက် မောင်းပေးတာ။ ဟိုင်းလတ်ကုန်တင်တဲ့ကားနဲ့ အထောက်အထားဘာမှမရှိဘဲ အငှားလိုက်တဲ့ ထိုင်းနိုင်ငံသားယာဥ်မောင်းပါ အဖမ်းခံရတာ” လို့ ပြောပါတယ်။

သူတို့အားလုံးဟာ ဘန်ကောက်မှာ အလုပ်လုပ်ကိုင်ဖို့ တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတာဖြစ်ပြီး ထိုင်နိုင်ငံရဲ့ လူဝန်မှုကြီးကြပ်ရေး စာရွက်စာတမ်း အထောက်အထားမရှိဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၁၈ ယောက်နဲ့ ထိုင်းယာဥ်မောင်းကို ဖုဖရာ့ရဲစခန်းကို ပို့ဆောင်ထားပြီး ဥပဒေနဲ့အညီ စစ်ဆေးအရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ ဘန်းကောက်ကို အလုပ်လုပ်ဖို့သွားတဲ့ မြန်မာနိုင်ငံသားအမျိုးသမီး ၈ ယောက်နဲ့ အမျိုးသား ၃ ယောက်ကို အယုဒ္ဓယခရိုင် အဝေးပြေးလမ်းမကြီးပေါ်မှာ ထိုင်းအာဏာပိုင်တွေက တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ဖမ်းဆီးအရေးယူခဲ့သေးတယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013