DVB Logo
Home
မြန်မာသတင်း
တန်းတူညီမျှရေးနှင့် ဖက်ဒရယ်စနစ်အတွက် ဆက်လက်ကြိုးပမ်းရန် အာဇာနည်နေ့တွင်  NUG တိုက်တွန်း
DVB
·
July 19, 2025
တန်းတူညီမျှရေးနှင့် ဖက်ဒရယ်စနစ်အတွက် ဆက်လက်ကြိုးပမ်းရန် အာဇာနည်နေ့တွင်  NUG တိုက်တွန်း
Donate to DVB

တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်စနစ်အတွက် ဆက်လက်ကြိုးပမ်းကြဖို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  ဇူလိုင် ၁၉ ရက်  ဒီကနေ့ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနေ့ ဂါရဝပြုသဝဏ်လွှာမှာ တိုက်တွန်းလိုက်ပါတယ်။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့အတွက် တိုင်းပြည်အနာဂတ်‌ မှောင်မိုက်ခဲ့ရပြီး ဒီလုပ်ကြံမှုဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းက သွေဖယ်ကာ အာဏာရှင်စနစ်ထဲကို ဆွဲသွင်းခဲ့တာရဲ့ အစဖြစ်တယ်လို့  သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အဓိက မျှော်မှန်းချက်တွေဖြစ်တဲ့ တိုင်းရင်းသား အားလုံးပါဝင်ပြီး တောင်တန်းမြေပြန့် မခွဲခြားဘဲ လွတ်လပ်ရေး၊ အမျိုးသားတန်းတူရေး၊ တရားမျှတမှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ စံနှုန်းတွေ အပြည့်အဝရှိတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံသစ်တရပ် တည်ထောင်ရေးဟာ ဒီကနေ့ထိ အကောင်အထည် မပေါ်သေးဘူးလို့လည်း NUG က ဆိုပါတယ်။

နှစ်ပေါင်း ၇၀ ကျော်ကြာ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုအောက်မှာ ဆက်လက် နစ်မွန်းနေဆဲဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အာဇာနည်နေ့မှာ ဂုဏ်ပြုအောက်မေ့ရုံသက်သက်နဲ့ မပြီးဆုံးဘဲ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ပေးဆပ်မှုနဲ့ ထိုက်တန်တဲ့ တန်းတူညီမျှတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တိုင်းရင်းသားပြည်သူတရပ်လုံး ပူးပေါင်းတည်ထောင်မှသာ မှန်ကန်စွာ ဂုဏ်ပြုရာ ရောက်မှာဖြစ်ပြီး သမိုင်းပေးတာဝန်ကျေမယ်လို့ ခိုင်မာစွာ ယုံကြည်တယ်လို့လည်း NUG က ဆိုပါတယ်။

နွေဦးတော်လှန်ရေးကာလအထိ စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း အသက်သွေး၊ ချွေးတွေ ပေးဆပ်ခဲ့တဲ့ သူရဲကောင်းအာဇာနည်တွေရဲ့ ပေးဆပ်မှုတွေဟာ မျိုးဆက်သစ်တွေအတွက် ထာဝရမော်ကွန်းအဖြစ် တည်ရှိနေမှာ ဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားသလို စွန့်လွှတ်အနစ်နာခံမှုတွေကို အမြဲအောက်မေ့ပြီး ရည်မှန်းချက် ပန်းတိုင်တွေ ပြည့်မြောက်အောင် ဆက်ပြီး ကြိုးပမ်းသွားမယ်လို့လည်း NUG က ကတိပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013