DVB Logo
Home
နိုင်ငံတကာ
ထိုင်းစီးပွားရေးမြှင့်တင်ရန် နိုင်ငံခြားသားများကို နှစ်ရှည်ဗီဇာ ထုတ်ပေးသင့်ဟု သက်ဆင် အကြံပြု 
DVB
·
July 18, 2025
ထိုင်းစီးပွားရေးမြှင့်တင်ရန် နိုင်ငံခြားသားများကို နှစ်ရှည်ဗီဇာ ထုတ်ပေးသင့်ဟု သက်ဆင် အကြံပြု 
Donate to DVB

ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင်ရာမှာ နိုင်ငံခြားသားတွေကို နှစ်ရှည်ဗီဇာထုတ်ပေးတာ၊ နိုင်ငံသားဖြစ်ခွင့်ပြုတာဟာ တဘက်တလမ်း ဝင်ငွေတိုးစေတဲ့ နည်းလမ်းတခု ဖြစ်တယ်လို့ အာဆီယံအသင်းဥက္ကဋ္ဌရဲ့ အတိုင်ပင်ခံလည်းဖြစ်၊ ထိုင်းဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ သက်ဆင်ရှင်နာဝပ်က ပြောပါတယ်။

ဘန်ကောက်မှာ Airports of Thailand Plc (AOT) အဖွဲ့က ဇူလိုင် ၁၇ ရက်မှာ ဦးဆောင်ကျင်းပတဲ့ Unlocking Thailand’s Future ဟောပြောပွဲမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်က  ခုလို ထည့်သွင်းပြောကြားသွားတာပါ။

“နိုင်ငံခြားသားတွေကို Golden Visa လို့ခေါ်တဲ့ နှစ်ရှည်ဗီဇာ ထုတ်ပေးသင့်တယ်လို့ ကျနော် မြင်တယ်၊ ၁၀ နှစ်ခံ ဗီဇာပေါ့။ ဒါပေမဲ့ ထိုင်းမှာ ရင်းနှီးမြှုပ်နှံသူ၊ အခွန်ဆောင်သူ အဲဒီလို condition တွေတော့ ရှိရမှာပေါ့။ ပြီးတော့ သူတို့ဟာ ထိုင်းနိုင်ငံမှာ ၅ နှစ်ဆက်တိုက်နေပြီး ထိုင်းနိုင်ငံကို အခွန်မပြတ်ဆောင်တယ်၊ အမှုအခင်းမရှိဘူး၊ ကောင်းမွန်စွာနေထိုင်တယ် ဆိုရင် ထိုင်းနိုင်ငံသား လျှောက်ထားခွင့်ပြုမယ်၊ အိမ်ဝယ်ယူခွင့်ပေးမယ်။ ဒီလိုဆိုရင် ထိုင်းက အခွန်အကောက် ရမယ့်အပြင် အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းတွေ တိုးတက်မယ်၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ အလုပ်ဖြစ်မယ်၊ ဘိလပ်မြေတွေ၊ သဲတွေ ရောင်းကောင်းမယ်။”

နိုင်ငံခြားသား ၆ သိန်းရှိတယ် ဆိုပါတော့၊ သူတို့ကို Golden Visa ထုတ်ပေးလိုက်ရင် နှစ်စဉ်ရမယ့် အခွန်ငွေ/ဝင်ငွေတွေက ထိုင်းရဲ့ ဂျီဒီပီ ၁၀၀ ရာခိုင်နှုန်းနဲ့ ညီမျှတယ်၊ ဘတ်ငွေ သန်းပေါင်း ၆,၀၀၀ လောက်ရမယ်၊ ထိုင်းဂျီဒီပီ စီးပွားရေးအညွှန်းကိန်း တိုးတက်လာမယ်၊ အကြွေးတွေ ကျေသွားမယ်။ ကျနော်တို့နိုင်ငံမှာ New Money, Fresh Money တွေ လိုအပ်တယ်။ ဝိုင်းပြီးတော့ အခွန်ပေးဆောင်မယ့်သူတွေ လိုတယ်။ ကျနော်တို့ ထိုင်းလူမျိုးတွေ သန်းပေါင်း ၇၀ ရှိတာ အခွန်ဆောင်သူ ၄ သန်းပဲ ရှိတယ်။ Vat က ၄ သန်းပဲရှိတယ်၊ နိုင်ငံခြားက သူဌေးတွေအနေနဲ့ ရေရှည်နေမယ့် နိုင်ငံဆိုရင် ထိုင်းကိုပဲရွေးမှာပါ။ ထိုင်းနိုင်ငံက နေလို့ကောင်းတယ်လို့ ပြောသွားပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံမဲ့ တောင်ပေါ်သားမှတ်ပုံတင် ကိုင်ဆောင်သူနဲ့ သူတို့ရဲ့ သားသမီးတွေ၊ အခြေမဲ့သူတွေကိုလည်း အစဉ်အမြဲ နေထိုင်ခွင့်နဲ့ ထိုင်းနိုင်ငံသားပြုခွင့်တွေ ဒီနှစ် ဇွန်လ ၃၀ ရက် ကတည်းက စတင်ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒီအုပ်စု ၂ ခုမှာ လူပေါင်း ၄၈၀,၀၀၀ ကျော် ရှိပါတယ်။

Source: Voice TV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013