DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့လယ်ရှိ လမ်းတချို့တွင် ဂျိုးဖြူရေမရသဖြင့် အခက်အခဲကြုံ
DVB
·
July 17, 2025
ရန်ကုန်မြို့လယ်ရှိ လမ်းတချို့တွင် ဂျိုးဖြူရေမရသဖြင့် အခက်အခဲကြုံ
Donate to DVB

ရန်ကုန်မြို့လယ်က လမ်းတချို့မှာ ဂျိုးဖြူရေ ပုံမှန်မရတာ လနဲ့ချီရှိလာတာကြောင့် ရေသုံးစွဲဖို့ အခက်ကြုံနေကြရတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေဆီက သိရပါတယ်။

ကျောက်တံတားမြို့နယ်ရှိ ၂၇ လမ်း၊ ၂၈ လမ်းနဲ့ ပန်းဆိုးတန်းလမ်းတို့မှာ အချိန်ပိုင်းလောက်ပဲရေရတာ၊ ရေလုံးဝတင်မရတာ စတဲ့အခြေအနေ ကြုံနေရတယ်လို့ ၂၈ လမ်းမှာ နေသူတယောက်က ပြောပါတယ်။

“ရေက ညအချိန်မတော်မှရလို့ အိပ်နေရင်း ထတင်ရတဲ့ ဒုက္ခက နေ့တိုင်းဖြစ်နေတာ။ တခြားလမ်းက တိုက်တွေဆို ရေလုံးဝမရဘူး။ ဖြစ်နေတာ တလလောက်ရှိပြီ။” 

ဂျိုးဖြူရေ အခက်အခဲရှိတာကြောင့် သောက်ရေအတွက်တင်မကဘဲ သုံးရေကိုပါ ဝယ်သုံးနေကြရတယ်လို့ ကိုယ်တိုင်ကြုံရသူ ၂၇ လမ်းမှာ နေထိုင်တဲ့ မြို့ခံတယောက်က ပြောပါတယ်။ 

“သုံးရေတပုံးတောင် ၁၀၀၀ လောက် ပေးသုံးနေရတယ်။ အထပ်မြင့်သမားတွေ ပိုခံရတယ်၊ စည်ပင်ကိုမေးတော့လည်း ရေရေရာရာမပြောဘူး။” 

အဲဒီလို ဂျိုးဖြူရေ ပုံမှန်မရတဲ့ အခြေအနေကို မြို့တွင်းမြို့နယ်တွေအပြင် သင်္ဃန်းကျွန်းနဲ့ ဒဂုံလေးမြို့နယ်ရှိ ရပ်ကွက်တွေမှာလည်း ကြုံတွေ့နေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013