
Labubu အရုပ်တွေထုတ်တဲ့ ကုမ္ပဏီ Pop Mart က ဒီနှစ် ပထမ ၆ လရဲ့ အမြတ်ငွေ ၃၅၀ ရာခိုင်နှုန်းထက်မနည်း မြင့်တက်ခဲ့တယ်လို့ ပြောပါတယ်။
ဒီပမာဏဟာ ခန့်မှန်းထားတာထက် ၃ ဆက်ပိုပြီး အမြတ်ရရှိခဲ့တာ ဖြစ်တယ်လို့ Pop Mart က ပြောပါတယ်။
Labubu အရုပ်လေးတွေရဲ့ Brand ဟာ ကမ္ဘာ့အသိအမှတ်ပြု အမှတ်တံဆိပ် ဖြစ်လာတာကြောင့် Pop Mart ရဲ့ စတော့ဈေးကွက်တန်ဖိုးက ဒေါ်လာ ၄၀ ဘီလီယံကျော် ရှိတယ်လို့ ဆိုပါတယ်။
Labubu အရုပ်ကို ဆိုင်တွေမှာ စီတန်းပြီး စောင့်ဆိုင်းဝယ်ယူရတဲ့အထိ အောင်မြင်မှုရခဲ့တာ ဖြစ်ပါတယ်။
Pop Mart ဟာ Labubu အရုပ်တွေကို Blind Boxes တွေလုပ်ပြီး ရောင်းချခဲ့တာကလည်း အရုပ်ချစ်သူတွေအတွက် အကြိုက်တွေ့စရာ ဖြစ်ခဲ့ပါတယ်။
Labubu အရုပ်ကို ၂၀၁၉ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ကုမ္ပဏီရဲ့ အဓိက လက်လီရောင်းကုန်တခု ဖြစ်ခဲ့ကာ ကမ္ဘာတဝန်း အရုပ်ကောက်တဲ့စက်တွေနဲ့ စတိုးဆိုင်တွေမှာ ၂,၀၀၀ ကျော် ရောင်းချခဲ့ရပါတယ်။
၂၀၂၀ မှာတော့ Pop Mart ဟာ ဟောင်ကောင်မှာ စတော့ရှယ်ယာတွေကို စတင်ရောင်းချခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ၆၀၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်ခဲ့ပြီး ကုမ္ပဏီ စတော့ရှယ်ယာတန်ဖိုးလည်း မြင့်တက်ခဲ့ပါတယ်။
Labubu အရုပ်ရောင်းချရမှုရဲ့ ၄၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံပြင်ပက ဖြစ်ပါတယ်။ Labubu အရုပ် ဝယ်ယူမှု များပြားတာကြောင့် ကမ္ဘာတဝန်းမှာရှိတဲ့ အရောင်းဆိုင်တွေမှာ အရုပ်ရောင်းချမှုကို ရပ်တန့်ခဲ့ရတဲ့အထိ အောင်မြင်မှုရခဲ့တာ ဖြစ်ပါတယ်။
Labubu အရုပ်ကို Blackpink အဖွဲ့ရဲ့ K-pop အဆိုတော် လီဆာ၊ ကင်ကဒါရှန် စတဲ့ နာမည်ကြီး ဆယ်လီတွေက အသုံးပြုပြီးနောက်မှာ တကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှု မြင့်တက်လာတာ ဖြစ်ပါတယ်။
Pop Mart ဟာ Coca-Cola၊ One Piece တို့နဲ့ ပူးပေါင်းပြီး Labubu အရုပ်တွေကို ဈေးကွက်ချဲ့ထွင်ခဲ့ပါတယ်။
ဇွန်လထဲမှာပဲ Labubu ရဲ့ ဒီနှစ်အစောပိုင်း ရောင်းအားနဲ့ ယှဉ်ရင် ၅,၀၀၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
Pop Mart ဆိုင်တွေဟာ အမေရိကန်မှာ အရေအတွက် ၄၀ အောက်သာ ရှိသေးတာကြောင့် အနာဂတ် အလားအလာကောင်းတွေ ရှိနေပါတယ်။
Source: Reuters










