DVB Logo
Home
အားကစား
ယိုကရက်ရှ်အတွက် ပေါင် ၆၂ သန်းကျော်ဖြင့်ခေါ်ယူရန် အာဆင်နယ်သဘောတူ 
DVB
·
July 15, 2025
ယိုကရက်ရှ်အတွက် ပေါင် ၆၂ သန်းကျော်ဖြင့်ခေါ်ယူရန် အာဆင်နယ်သဘောတူ 
Donate to DVB

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး ယိုကရက်ရှ်အတွက် ပေါင် ၆၂ သန်းကျော်နဲ့ ခေါ်ယူဖို့ စပို့တင်းလစ္စဘွန်းအသင်းနဲ့ သဘောတူညီမှု ရရှိသွားပါတယ်။ 

ကနဦးမှာ နှစ်ဖက်အသင်းကြားမှာ ပြောင်းရွှေ့ကြေးပမာဏ ညှိနှိုင်းမရဖြစ်ခဲ့လို့ အပြောင်းအရွှေ့ ပျက်ပြယ်နိုင်ကြောင်း သတင်းထွက်ပေါ်လာခဲ့ပေမဲ့ အဆုံးသတ်မှာတော့ ပေါင် ၆၂ ဒသမ ၄ သန်းနဲ့ သဘောတူညီမှု ရခဲ့တာပါ။

အာဆင်နယ်ဟာ ဆွီဒင်တိုက်စစ်မှူးအတွက် ကနဦးပေါင် ၅၅ သန်းပေးချေရမှာဖြစ်ပြီး နောက်ထပ် ပေါင် ၇ ဒသမ ၄ သန်းက စွမ်းဆောင်ရည်အပေါ်မူတည်ပြီးပေးချေသွားရမှာပါ။ 

အသက် ၂၇ နှစ်ရှိ ဆွီဒင်တိုက်စစ်မှူးကို အာဆင်နယ်က ၅ နှစ်စာချုပ်ချုပ်ဆိုမှာ ဖြစ်ပြီး ရက်ပိုင်းအတွင်းမှာ အပြီးသတ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။

အာရှခြေစမ်းခရီးစဉ်မှာ ယိုကရက်ရှ်ကိုခေါ်ယူသွားဖို့ အာဆင်နယ်ဘက်ကစီစဉ်ထားပြီး စာချုပ်ချုပ်ဆိုပွဲကိုလည်း မကြာမီလုပ်ဆောင်သွားဖို့ရှိပါတယ်။

ယိုကရက်ရှ်ဟာ မနှစ်ကရာသီမှာ စပို့တင်းနဲ့ ပြိုင်ပွဲစုံ ၅၂ ပွဲမှာ ၅၄ ဂိုးအထိသွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013