DVB Logo
Home
အားကစား
မန်ယူလူငယ်အသင်းနည်းပြအဖြစ် ဒါရင်းဖလက်ချာကို ခန့်အပ်
DVB
·
July 15, 2025
မန်ယူလူငယ်အသင်းနည်းပြအဖြစ် ဒါရင်းဖလက်ချာကို ခန့်အပ်
Donate to DVB

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူ-၁၈ လူငယ်အသင်းနည်းပြအဖြစ် ကစားသမားဟောင်းလည်းဖြစ် နည်းစနစ်ဒါရိုက်တာဟောင်းလည်း ဖြစ်သူ ဒါရင်းဖလက်ချာကို ပြန်လည်ခေါ်ယူ ခန့်အပ်ခဲ့ပါတယ်။

အသက် ၄၁ နှစ်ရှိ မန်ယူကွင်းလယ်လူဟောင်းဟာ နည်းပြဆိုးလ်ရှားလက်ထက်မှာ နည်းစနစ်ဒါရိုက်တာရာထူးနဲ့ တာဝန်ယူခဲ့ပြီး ပူးတွဲပိုင်ရှင် ဆာဂျင်ရတ်ကလစ်ဖ်ရဲ့ စီမံခန့်ခွဲမှုအသစ်တွေ ဝင်လာချိန်မှာ  အသင်းနဲ့ လမ်းခွဲခဲ့တာပါ။

မန်ယူနိုက်တက်အသင်းမှာ ရာထူးသစ်တခုနဲ့အတူ တာဝန်ထမ်းဆောင်ခွင့်ရမယ့်အပေါ် စိတ်လှုပ်ရှားမိပြီး လူငယ်ကစားသမားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ တိုက်ရိုက်ပါဝင် ကူညီပေးရမယ့် အပေါ် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ပြောပါတယ်။

UEFA အေလိုင်စင်ရရှိထားသူ ဖလက်ချာဟာ အသင်းတသင်းကို ပထမဆုံးအကြိမ် တာဝန်ယူခဲ့တာဖြစ်ပြီး အနာဂတ်မှာ စီနီယာအသင်းတသင်းရဲ့ နည်းပြဖြစ်လာဖို့ ရည်ရွယ်ထားသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013