DVB Logo
Home
နိုင်ငံတကာ
စပိန် ရေကြီးမှု အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်
DVB
·
July 14, 2025
စပိန် ရေကြီးမှု အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်
Donate to DVB

စပိန်နိုင်ငံမှာ ရေကြီးမှု၊ မိုးသည်းနိုင်မှုနဲ့ မိုးသီးမုန်တိုင်း ကျရောက်မယ့်အလားအလာ ရှိတယ်လို့ အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၁ ရက် ညကနေ ဇူလိုင် ၁၂ ရက်အတွင်း နိုင်ငံတဝန်းလုံး သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ စပိန်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ထားတာပါ။

စပိန်နိုင်ငံမှာ ဇူလိုင် ၁၁ ရက်က ဆာရာဂရော့ဆာအနီးရှိ တာရာဇိုနာမှာ ရေကြီးမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

စပိန်စစ်တပ်ကလည်း တံတားအောက် ဥမင်တွေမှာ ရေဝပ်နေမှုတွေ စစ်ဆေး ရှင်းလင်းတာတွေ လုပ်ဆောင်နေပါတယ်။

ဒီမုန်တိုင်းဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်က ဗလင်စီယာကို တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းအမျိုးအစားနဲ့ တူညီတယ်လို့ ရိုက်တာမှာ ဖော်ပြပါတယ်။

စပိန်နိုင်ငံမှာ ဇူလိုင် ၁၂ ရက်က ကာတာလိုနီယာဒေသမှာ မိုးသည်းထန်စွာ ရွာပြီးနောက် ရေကြီးခဲ့ပါတယ်။

ရေကြီးချိန်မှာ မြစ်အတွင်း လူ ၂ ယောက် ပျောက်ဆုံးခဲ့ပြီး ကာတာလန် မီးသတ်တပ်ဖွဲ့တွေက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုလုပ်ခဲ့ပါတယ်။

စပိန်နိုင်ငံမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်က ရေကြီးမှုဖြစ်ပွားခဲ့ဖူးပြီး လူပေါင်း ၂၃၂ ယောက် သေဆုံးခဲ့ကာ ပျက်စီးဆုံးရှုံးမှုလည်း အများအပြား ရှိခဲ့ပါတယ်။

၂၀၂၄ စပိန်ရေကြီးမှုဟာ စပိန်နိုင်ငံရဲ့ သမိုင်းတလျှောက် လူသေဆုံးမှုအများဆုံး သဘာဝဘေးအန္တရာယ် ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013