DVB Logo
Home
မြန်မာသတင်း
Kpay အကောင့်ရာချီဖွင့်ပြီး ငွေလိမ်နေသည့် အွန်လိုင်းလူလိမ်အဖွဲ့ကို ပဲခူးတွင် ဖမ်းမိ
DVB
·
July 14, 2025
Kpay အကောင့်ရာချီဖွင့်ပြီး ငွေလိမ်နေသည့် အွန်လိုင်းလူလိမ်အဖွဲ့ကို ပဲခူးတွင် ဖမ်းမိ
Donate to DVB

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ KBZ Pay အကောင့် ရာချီဖွင့်ကာ ငွေလိမ်လည်နေတဲ့ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး တယောက် ပါဝင်တဲ့ အွန်လိုင်းငွေလိမ်အဖွဲ့ကို ပဲခူးမြို့မရဲစခန်းက ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

ဇူလိုင် ၄ ရက်က ပဲခူးမြို့မှာ နေထိုင်သူတယောက်က  chue chue လူသုံးကုန်ပစ္စည်းရောင်ဝယ်ရေး ပေ့ခ်ျကနေ ကုန်ပစ္စည်းတခု မှာယူခဲ့ရာ  KPay မှငွေချေပြီးနောက် Block ပြီး ငွေလိမ်လည်သွားလို့  တိုင်ကြားရာကနေ အမှုနဲ့ဆက်စပ်သူတွေကို ဖမ်းမိခဲ့တယ်လို့  မြို့ခံတယောက်က ပြောပါတယ်။

“ပဲခူးမှာ chue chue လူသုံးကုန် ပေ့ချ်ကနေ အလိမ်ခံရတာ လေး ငါး ခြောက်ယောက် ရှိတယ်။  Kpay ကို ဖုန်းဆက်ပြီး ငွေအလိမ်ခံရတယ် ပြောလည်း အဲဒီ Account တွေကို ပိတ်မပေးဘူး။ Kpay နဲ့ လူလိမ်အဖွဲ့တွေပေါင်းပြီး လုပ်စားနေသလား ထင်ရတယ်။ အခု ရဲတွေ ဖမ်းမိတော့ အမှုဖွင့်မယ့်သူတွေ တန်းစီ။” 

ရဲတွေဟာ ငွေလိမ်လည်သွားသူ မချိုချိုအေး K pay အကောင့်ပိုင်ရှင်မှတဆင့် ကွင်းဆက်လိုက်ရာမှ လှိုင်သာယာမြို့နယ်နေ ကိုဝေယံခန့်၊ အလုံမြို့နယ်နေ ကိုအောင်ခန့်နဲ့ ထန်းတပင်မြို့နယ်နေတို့ ၃ ယောက်ကို ဖမ်းမိရမိခဲ့တာလို့ ရဲတပ်ဖွဲနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“လိမ်သွားတဲ့ Kpay အကောင့်က ပဲခူးက၊ ဒါပေမဲ့ သူ သုံးတာမဟုတ်ဘူး။ လှိုင်သာယာမှာ အလုပ်သွားလုပ်တော့ လေဘာရုံးမှာ Kpay အကောင့်ဖွင့်ပေးမယ်ဆိုပြီး သူ့အချက်အလက်တွေ လိမ်ယူသွားပြီး လိမ်တာ။ အဲဒီ Kpay ဖွင့်ပေးတဲ့သူကို မိတော့ သူ့ဆရာပါ မိရော။ အဲဒီလို သူများ အချက်အလက်တွေ ယူပြီး Kpay အကောင့်ဖွင့် ရောင်းစားရာနဲ့ချီတယ်။ လိုင်းပေါ်ကနေ လိမ်ထားတဲ့ သိန်း ၃၅၀ ပါမိတာ။” 

ကမ္ဘောဇဘဏ်အနေနဲ့ ငွေလိမ်ခံရလို့ တိုင်ကြားတဲ့အခါ ငွေလိမ်သူကို ပြေးချိန်ရအောင် လုပ်ငန်းစဥ်တွေကို ကြန့်ကြာထားပြီး ငွေလိမ်သူတွေရဲ့ Kpay အကောင့်တွေကိုလည်း ပိတ်သိမ်းတာမရှိဘူးလို့ ငွေလိမ်ခံရသူတယောက်က ပြောပါတယ်။

“Kpay ကနေ ငွေလိမ်ခံရရင် လုပ်ငန်းစဥ်တွေက အများကြီး၊ ဖုန်းဆက် အကြောင်းကြား၊ သူတို့ မေးသမျှ ဖြေရမယ်။ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာယူရမယ်၊ ရုံးချုပ်သွားရမယ်၊ ရဲစခန်းမှာ တိုင်ချက်ဖွင့်ရမယ်။ ကိုယ့်ဖုန်းကို ရဲစခန်းက သိမ်းမယ်၊ ဒီလိုလုပ်လို့ ငွေပြန်ရလားဆိုတော့ မရဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း မရှိဘူး။ မြို့နယ်တိုင်းမှာ Kpay က အလိမ်ခံရလို့ တိုင်ထားတဲ့ အမှု ရာနဲ့ချီရှိတယ်။” 

လတ်တလောမှာ ပဲခူးမြို့မရဲစခန်းက ကိုဝေယံဖြိုး၊ ကိုအောင်ခန့်နဲ့ မအိအိမွန်တို့ ၃ ယောက်ကို အီလက်ထရောနစ်ဥပဒေ ပုဒ်မ-၃၈- (ခ)နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

အဆိုပါပုဒ်မဟာ ဘယ်သူမဆို လူတယောက်ရဲ့ ခွင့်ပြုချက်မရဘဲ ကိုယ်ရေးအချက်အလက်ကို ရယူအသုံးပြုတာ၊ ဖျက်ဆီးတာ၊ ပြုပြင်ပြောင်းလဲအသုံးပြုတာ၊ ဖြန့်ဝေတာ တဦး တယောက်ထံ ပေးပို့ပြီး အလွဲသုံးစားပြုတာနဲ့ပတ်သက်တဲ့ ဥပဒေပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁ ကနေ ၃ နှစ်နဲ့ ငွေဒဏ်သိန်း ၅ဝ ပြစ်ဒဏ်ကျခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013